MYANBUILD 2017 နှင့် MIVAR 2017


16 November, 2020

နှစ်စဉ်ကျင်းပသည့်MYANBUILD/MIVAR ကုန်စည်ပြပွဲကြီးကိုနိုဝင်ဘာလ၃၀ရက်နေ့မှဒီဇင်ဘာလ၂ရက်နေ့အထိမင်းဓမ္မလမ်းရှိ Myanmar Event Park(MEP)တွင်၃ရက်တိုင်တိုင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။


မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဧ။်ကူညီပံ့ပိုးမှုဖြင့်ပြပွဲကြီးတွင်နိုင်ငံပေါင်း၂၆နိုင်ငံမှကုန်ပစ္စည်း Brand ပေါင်း၃၆၀ကျော်ပါ၀င်ပြသမည်ဖြစ်သည်။


အဆိုပါပြပွဲကြီးတွင်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ၊ အင်ဂျင်နီယာများ ၊ ဗိသုကာပညာရှင်များအတွက်ကုန်ပစ္စည်းအသစ်များစွာကိုရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီးနိုင်ငံတကာမှကုန်ပစ္စည်းမျိုးစုံတို့နှင့်အတူလေအေးပေးစက်ဆိုင်ရာပစ္စည်းများကိုလည်းတွေ့မြင်နိုင်မည်ဖြစ်သည်။


ထိုပြပွဲကြီးနှင့်အတူ MYANCONCRETE'17,MYANMAR HARDWARE'17 နှင့် MISEF'17 စသည့်ပြပွဲများပါ ပူးတွဲပါ၀င်ပါသည်။


ထို့အပြင် MYANMAR ARCHITECT CONGRESS 2017 သည်လည်းပြပွဲရက်အတွင်းတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ထို့ကြောင့်ဤပြပွဲကြီးသည်နိုင်ငံတွင်းရှိဗိသုကာပညာရှင်အများအပြားတိုက်ရောက်ကြသည့်ပြပွဲကြီးဖြစ်လာပါလိမ့်မည်။

Events Read 78 times