မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း


06 December, 2020

 မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံ ကိန်း လုပ်ငန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) ဆောင်ရွက်ရန် မြန်မာ့မီးရထား နှင့် တရုတ်နိုင်ငံတို့အကြား အောက်တိုဘာ ၂၂ ရက်က နား လည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့သည်။

‘‘ဒီစီမံကိန်းဟာ အရင်းအနှီး ကြီးမားသလို အခက်အခဲတွေ လည်း ကြီးမားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ လူမှုရေး၊ စီးပွားရေးအ ကျိုးအမြတ်တွေလည်း အများကြီး ရရှိမှာဖြစ်ပါတယ်’’ဟု ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

    ယင်းစီမံကိန်းအတွက် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးသည့်အခမ်းအနားတွင် ဦးသန့်စင်မောင်က ထည့်သွင်း ပြောကြားသည်။

‘‘ဒီနေရာမှာ ရထားလမ်း ဖောက်လုပ်ရေးအတွက် အရေး အကြီးဆုံးစိန်ခေါ်မှုအနေနဲ့ နံပါတ်(၁)အချက်ကတော့ နယ်စပ်ဒေ သတည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ပြည်သူလူထုတွေရဲ့ သဘော ထား၊ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အရေးကြီးပါတယ်။ ဒီလမ်း ကြောင်းအတွက် ပိုပြီး အရေးကြီးတာကတော့ Social Impact ပဲ ဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။

    တရုတ်ကုမ္ပဏီအနေဖြင့် လုပ်ငန်းဖြစ်မြောက်နိုင်ခြေလေ့ လာမှုဆောင်ရွက်ရန် ၂၀၁၇ မေလကတည်းက တင်ပြထားကြောင်း၊ အဆင့်ဆင့်စိစစ်ဆောင်ရွက်ချက် များအရ ယခုကဲ့သို့ ခွင့်ပြုခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း အထွေထွေမန်နေဂျာ (မြို့ပြ)ဦးမောင်မောင်သိန်းက ဆိုသည်။

    လေ့လာဆန်းစစ်မှုတွင် လမ်းကြောင်းတစ်လျှောက် ပတ် ဝန်းကျင်ထိခိုက်မှုဆန်းစစ်မှုများ၊ လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း များအပြင် ဖြတ်ကျော်ရမည့် တောင်တန်း၊ မြစ်ချောင်းများ၊ ဖြတ်သန်းသွားသင့်သည့် မြို့များ စသည့် လမ်းကြောင်းတစ် လျှောက် ဆောင်ရွက်ရမည့် ကိစ္စ ရပ်များပါဝင်ပြီး မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနအနေဖြင့် တရုတ်နိုင်ငံကို တွဲဖက်ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

    မြေပုံအတွင်း တွက်ချက်မှု များအရ မူဆယ်-မန္တလေးရထား လမ်းသည် ၄၂၁ ကီလိုမီတာ(၂၆၇ ဒသမ ၈၁ မိုင်)ခန့် ကွာဝေးပြီး မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့စသည့်မြို့များကို ဖြတ်သန်းမည်ဖြစ်ကြောင်း ဦးမောင်မောင် သိန်းကပြောသည်။

‘‘ဖြတ်သန်းတဲ့နေရာမှာ လမ်းကြောင်းတစ်လျှောက် တော တောင်က တော်တော်ထူထပ် တယ်။ ပြီးတော့ မြစ်ချောင်းတွေ၊ လျှိုတွေလည်း များတယ်။ ဒါ ကြောင့် ဒီအပိုင်းတွေမှာ ဖြတ် သန်းဖောက်လုပ်မယ်ဆိုရင် အ ကြမ်းဖျင်းလေ့လာချက်အရ ဥမင် လိုဏ်ခေါင်းတွေ မလွဲမသွေထည့် ပြီး ဖောက်လုပ်ရမှာ ဖြစ်တယ်။ နောက်တစ်ခုက မြစ်ကူး၊ ချောင်း ကူးလျှိုမြောင်ကြီးတွေကို ဖြတ် သန်းတဲ့ တံတားကြီးတွေကို ထည့် ပြီး ဆောက်ရမှာဖြစ်တယ်’’ဟု ၎င်းက ဆိုသည်။

    အောက်တိုဘာ ၂၂ ရက် တွင် လက်မှတ်ရေးထိုးသည့် MoU သည် ၂ နှစ်သက်တမ်းဖြစ်ပြီး လုပ်ငန်းဖြစ်မြောက်နိုင်ခြေ လေ့လာရန် တစ်နှစ်အချိန်ရမည်ဟု ၎င်းက ပြောသည်။

Region Factory and Industrial Plant Read 53 times