မွန်ဘိုင်း ကမ်းခြေလမ်း ဥမင်လမ်းပိုင်း တစ်ကီလိုမီတာ ပြီးစီး


07 September, 2021

တရုတ်နိုင်ငံမှ ၂၀၂၀ ခုနှစ် မေလတွင် တင်သွင်းခဲ့ပြီး အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် ပြန်လည်တပ်ဆင်ထားသော လိုဏ်ခေါင်းတူးယန္တရားသည် အိန္ဒိယနိုင်ငံတွင် အကြီးမားဆုံး လိုဏ်တူးယန္တရား TBM( tunnel boring machine) ဖြစ်သည်။ အချင်း ၁၂.၉ မီတာ (၄၂ပေခွဲခန့်) ရှိသည်။ အဆိုပါ  တရုတ်ပြည်ဖြစ် TBM ကို အိန္ဒိယအမည် မာဗဲလာ Mavla ဟု အမည်ပေးထားကြသည်။ 
Brihanmumbai Municipal Corporation’s (BMC) ၏ ရည်မှန်းချက် မြင့်မားသော ကမ်းခြေလမ်း စီမံကိန်းတွင် မာဗဲလာကို သုံးစွဲပြီး ဥမင်လမ်းကို ဖောက်လုပ်ခဲ့သည်။ လိုဏ်ခေါင်းတူးခြင်းကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဩဂုတ်လ ၄ ရက် ည ၁၁ နာရီ ၄၀ မိနစ်တွင် တစ်ကီလိုမီတာအလျားအထိ လိုဏ်ခေါင်းပြီးစီးခဲ့ကြောင်း BMC က ထုတ်ပြန်ကြေညာသည်။ ကျန်ရှိသည့်အပိုင်းကို လာမဉ့် ဇန်နဝါရီလတွင် ပြီးစီးရန် လျာထားသည်။ 

 

 

 Nariman Point မှ Bandra Worli Sea Link တို့ကို ဆက်သွယ်ပေးမည့် ကမ်းခြေလမ်းသည် ၁၀. ၅၈ ကီလိုမီတာ ရှည်လျားသည်။ ၂.၀၇ ကီလိုမီတာ ရှည်လျားသည့် ဥမင်နှစ်ခု ပါဝင်သည်။ မြေအောက်ဥမင်လမ်းပိုင်းသည် မြေအနက် ၇၀ မီတာတွင် တည်ရှိပြီး ယာဉ်ကြော သုံးခုစာ ကျယ်သည်။ 

BMC မူလအစီအစဉ်တွင် လိုဏ်ခေါင်းဖောက်ခြင်းအလုပ်ကို ဥမင်လမ်းပိုင်း နှစ်ခုစလုံး ၁၈ လဖြင့် ပြီးစီးရန် လျာထားသည်။ သို့သော် လိုဏ်ခေါင်းစဖောက်ခဲ့ပြီးနောက် ကိုဗစ်ကြောင့် တစ်မြို့လုံးကို လော့ဒေါင်းချထားသဖြင့် အလုပ်ရပ်နားထာလိုက်ရသဖြင့် အချိန် သုံးလ ဆုံးရှုံးခဲ့သည်။ ကိုဗစ် ဒုတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ် မတ်လမှ စ၍ သုံးလ ရပ်နားထားခဲ့ရခြင်း ဖြစ်သည်။ 

BMC သည် လောလောဆယ်တွင် ကမ်းခြေလမ်းစီမံကိန်း၏ ၄၀% ကို ပြီးစီးပြီ ဖြစ်သည်။ ၁၀၂ ဟက်တာဧရိယာ မြေဖို့ခြင်းကိုလည်း ဆောင်ရွက်ထားပြီးပြီ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်း၏ ၈၅% အထိ ပြီးစီးရန် မျှော်လင့်ထားသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်း တစ်ခုလုံး ပြီးစီးရန် လျာထားသည်။

Source: hindustantimes.com

How To Read 997 times