နိုင်ငံခြားသားများ တည်းခိုနိုင်ရန်ကြယ်သုံးပွင့်အဆင့်ရှိဟိုတယ်များ ပိုမိုဆောက်လုပ်သင့်ဟုဆို


04 December, 2020

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် နိုင်ငံခြားသားများ တည်းခိုနိုင်ရန် အတန်အသင့် ဈေးနှုန်း သက်သာသောကြယ်သုံးပွင့်အဆင့်ရှိဟိုတယ်များ ပိုမိုဆောက်လုပ်သင့်ကြောင်း

နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် အိမ်ခြံမြေ ဝန်ဆောင်မှုပေးနေသော Collier International Myanmar မှ Deputy Managin Director မှ မြန်မာ့အိမ်ခြံမြေ ဈေးကွက်နှင့် အလားအလာ များ ဆွေးနွေးပွဲတွင်ပြောကြားသည်။

ရန်ကုန်မြို့တွင် ဟိုတယ်များတည်ဆောက်ရာတွင် Developer အများစုသည်ဝန်ဆောင်မှု အပြည့်ပါဝင်သည့် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်များကိုသာ ဦးစားပေးတည်ဆောက်နေကြပြီး ထပ်မံထွက်ပေါ်လာမည့် ဟိုတယ်များမှာလည်း အလားတူပင်ဖြစ်နေသည်ဟု ၎င်းတို့၏ လေ့လာဆန်းစစ်ချက်အရ သိရသည်။

ရန်ကုန်တွဲင် စီးပွားရေးလုပ်ရန်လာသည့်နိုင်ငံခြားသားအများစုသည် ရက်ရှည်နေတာများသည်။

ထို့ကြောင့် ဈေးနှုန်းသင့်တင့်ပြီး ဝန်ဆောင်မှုကောင်းသည့် ကြယ်သုံးပွင့်အဆင့်ရှိသည့် ဟိုတယ် အများအပြားတည်ဆောက်ရန်လိုသည်။

အလုပ်အတွက် လာသည့် သူများသည် ဇိမ်ခံဟိုတယ်များထက် ဈေးနှုန်းသက်သာပြီး ဝန်ဆောင်မှု ကောင်းတာမျိုးကို ပိုလိုချင်ကြသည်။

နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဟိုတယ်ဈေးကွက် ကြယ်သုံးပွင့် အဆင့်လောက်ရှိသော ဟိုတယ်များများ ဆောက်ရန်လိုလာသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ကွန်ဒိုဈေးကွက်တွင်လည်း အဆင့်မြင့် Luxury ကွန်ဒိုများ တည်ဆောက်မှု များပြားနေပြီး အမှန်တကယ် ဝယ်ယူနေထိုင်လိုသူများ နှင့် ကွဲလွဲမှုများရှိနေကြောင်း၊

အမှန်တကယ်ဝယ်ယူနေထိုင်လိုသူများမှာ ဈေးနှုန်းအားဖြင့် ကျပ်သိန်း ၇ဝဝ ခန့် တန်ဖိုးရှိ ကွန်ဒိုများကို ဝယ်ယူလိုကြကြောင်း ယင်းတို့၏ လေ့လာဆန်းစစ်ချက်အရ သိရသည်။

Hospitality Read 68 times