ခေတ်မီဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင်ကုန်ပစ္စည်းပြပွဲကျင်းပ

12 November, 2020

ခေတ်မီ ဆောက်လုပ်ရေးနှင့် အိမ်တွင်း အလှဆင်ကုန်ပစ္စည်းပြပွဲ(Myanmar Build & Décor 2017)ကို ရန်ကုန်မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့်ရှိ MEP တွင် စတင်ကျင်းပနေပြီးဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲကြီးတွင် ခေတ်မီဆောက်လုပ်ရေးပစ္စည်းများ၊သိပ္ပံနည်းစနစ်ဖြင့် အနုပညာဆန်စွာထုတ်လုပ်ထားသော အိမ်တွင်း အလှဆင် အသုံးအဆောင်ပစ္စည်းများနှင့်အိမ်သုံး၊ရုံးသုံးပရိဘောဂများ စုစုပေါင်း အမျိုးအစား ၂ဝကို စုံလင်စွာ ခင်းကျင်းပြသထားပြီး ထိုင်းနိုင်ငံအခြေစိုက် SCG ကုမ္ပဏီမှ ထုတ်လုပ်သည့်ပစ္စည်းများကို မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

SCG မှ အဓိက ပြသော ကုန်ပစ္စည်းမှာ ဘိလပ်မြေဖြစ်ပြီး အိမ်ဆောက်ပစ္စည်း ၂ဝပြသထားကြောင်း၊ထိုပွဲတွင် ခေတ်မီ ဆောက်လုပ်ရေးပစ္စည်းများ၊အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် ဗိသုကာပညာရှင်များ၊ကျွမ်းကျင်ပညာ ရှင်များ ဖလှယ်ပွဲဖြစ်ကြောင်း သိရသည်။

ထိုပြပွဲကြီးကို စက်တင်ဘာ ၂၈၊၂၉၊၃ဝရက်အထိ ၃ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့စတင်ဖွင့်လှစ်သည့်နေ့တွင် ဗိသုကာပညာရှင် များ၊အင်ဂျင်နီယာများ၊ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ လာရောက်လေ့လာကြောင်း သိရသည်။

Events Read 40 times