ပလက်ဝမှ အိန္ဒိယနိုင်ငံမီဇိုရမ် ကားလမ်းစီမံကိန်း


06 December, 2020

 ချင်းပြည်နယ် ပလက်ဝကနေ အိန္ဒိယနိုင်ငံမီဇိုရမ်ကိုကားလမ်းစီမံကိန်း အတွက် အိန္ဒိယနိုင်ငံက  အမေရိကန်ဒေါ်လာ ၃၂၈  သန်း  ကူညီမယ် လို့  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးစိုးသိန်း က    ပြောပါတယ်။

    ယခုလ နေပြည်တော်တွင်   ပြုလုပ်တဲ့ “ကုလားတန်မြစ်ကြောင်း   ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းမှာ   ပါဝင်တဲ့  စစ်တွေဆိပ်ကမ်း၊ ပလက်ဝ  ပြည်တွင်းရေ ကြောင်း ဆိပ်ကမ်းနှင့် ဆက်စပ် ပစ္စည်းများ၊  အဆောက်အအုံများ စီမံခန့်ခွဲခြင်းနှင့်  ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက်  Private  Port  Operator ရွေးချယ်ခန့်ထားရေး အတွက်   နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း  အခမ်းအ နား”  မှာ    အခုလို  ပြောကြား တာ ပါ။

     အရင်အစိုးရတွေလက်ထက် က   နိုင်ငံတော်အကြီးအကဲတွေ အိန္ဒိယကို သွားရာက်လည်ပတ် တဲ့အခါ  အိန္ဒိယအစိုးရကနေသူတို့ နိုင်ငံရဲ့ အနောက်မြောက်မှာရှိတဲ့ မီဇိုရမ်ပြည်နယ်ကို   သူတို့ရဲ့ကုန် စည်တွေတင်ပို့တဲ့အခါ  လမ်းပန်း ဆက်သွယ်ရေးအနေအထား   ဝေး ကွာမှုအခက်အခဲတွေကြောင့် ကိုလ်ကတ္တားက  တစ်ဆင့် စစ် တွေ၊  စစ်တွေကတစ်ဆင့်  ကုလား တန်မြစ်ကြောင်းအတိုင်း   ပလက်ဝ၊  ပလက်ဝကနေ ကားနဲ့  မီဇိုရမ် ပြည်နယ်ကို  ပြန်ပတ်လမ်းတစ်ခု တည်ဆောက်ဖို့   နှစ်နိုင်ငံသဘော တူညီခဲ့ကြတယ်လို့  သိရပါတယ်။ သည်သဘောတူညီအချက်အရ ၂ဝဝ၈  ခုနှစ်  ဧပြီလမှာ   မူဘောင်သ ဘောတူညီချက်စာချုပ်တွေ  လက်မှတ်ရေးထိုးခဲ့ကြတယ်လို့  သိရပါ တယ်။

    သည်သဘောတူညီချက်  အ ရ  ဆက်လက်အကောင်အထည် ဖော်တာဖြစ်ပြီး   ရေလမ်းကြောင်း ဆိုင်ရာအတွက် အမေရိကန်ဒေါ် လာသန်း ၁၆ဝ  အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာ   ရေလမ်းခရီးအတ∑က် တည်ဆောက်မှုအားလုံးပြီးစီးသွား ပြီ  ဖြစ်  တာ  ကြောင့်  ကုန်း  လမ်း ဖောက်လုပ်မှာ   ဖြစ်ပါတယ်။  သည် အတွက်    အိန္ဒိယနိုင်ငံအနေနဲ့  ရေ ကြောင်းဆိုင်ရာနဲ့  ကုန်းပိုင်းဆိုင် ရာလမ်းတွေအတွက် အမေရိကန်  ဒေါ်လာ  ၄၈၈   သန်း   ကုန်ကျမှာ  ဖြစ် ပါတယ်။  အမေရိကန်ဒေါ်လာသန်း  ၃ဝဝ  ကျော်  ကူညီမယ့်  ကုန်းလမ်း ပိုင်းအရှည်မှာ  ၁၀၉   ကီလိုမီတာ (၆၇ .ရ၃  မိုင်)  ရှိတယ်လို့  သိရပါ တယ်။

     သည်ကားလမ်းစီမံကိန်းကို အိန္ဒိယပိုင်ကုမ္ဗဏီ  ဒါမှမဟုတ် အိန္ဒိယ-မြန်မာဖက်စပ်ကုမ္ဗဏီ တစ်ခုခုကို နှစ်နိုင်ငံ  တာဝန်ရှိသူ တွေက  စိစစ်ရွေးချယ်မှာပါ။ စီမံ ကိန်းကာလ   နှစ်နှစ်ကနေ   သုံးနှစ် ခန့်အထိ  ကြာနိုင်တယ်လို့   သိရပါ တယ်။  အိန္ဒိယနိုင်ငံကနေ   ဖောက် လုပ်ပေးတဲ့  ရေလမ်းနဲ့  ကုန်းလမ်း စီမံကိန်းတွေ   အားလုံးပြီးစီးသွား ရင်တော့  မြန်မာနိုင်ငံအနေနဲ့လည်း အ  သုံး  ပြု  နိုင်တယ်  လို့    သိ  ရ  ပါ တယ်။

    အခုလို  ဆောင်ရွက်ပြီးရင် မြန်မာနိုင်ငံရဲ့ ရေကြောင်းတွေ  ပို ပြီးတော့  ကောင်းမွန်လာမှာ  ဖြစ် တယ်။  ကုလားတန်မြစ်ကြောင်း တစ်လျှောက်မှာဆိုရင်လည်းလမ်းပန်းဆက်သွယ်ရေးက   ပိုမိုကောင်း မွန်လာမှာပါ။

    ဒါ့အပြင်   အခုလို  အိန္ဒိယနဲ့ မြန် မာနိုင်ငံအကြား   ရေလမ်းကြောင်း ရော  ကုန်းလမ်းကြောင်းပါ  ဖောက် လုပ်ခြင်းဖြင့်  နှစ်နိုင်ငံကြား   ကုန် သွယ်မှုအခွင့်အလမ်းပိုမိုရှိစေခြင်း၊ အပြည်အပြည်ဆိုင်ရာ   ဆိပ်ကမ်း တွေပေါ်ပေါက်လာပြီး   အိန္ဒိယနိုင် ငံနဲ့သာမက   အခြားနိုင်ငံတွေနဲ့ပါ ကုန်သွယ်နိုင်ခြင်း၊ရခိုင်ပြည်နယ် နဲ့   ချင်းပြည်နယ်တို့မှာ  လမ်းပန်း ဆက်သွယ်ရေးပိုမိုကောင်းမွန်လာ ပြီး   ဒေသဖွံ့ဖြိုးတိုးတက်မှုကို   များ စွာ   အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်းနဲ့  ရေ ကြောင်းသွားလာမှုကို အခြေခံတဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပတ် သက်တဲ့   အခွင့်အလမ်းတွေလည်း ရရှိလာမယ်လို့   ဆိုပါတယ်။

Local Factory and Industrial Plant Read 42 times