၁၅ ထပ်ပါသော မင်္ဂလာဈေးသစ် တည်ဆောက်မည်


02 November, 2020

အထပ်၁၅ထပ်ပါသောမင်္ဂလာဈေးသစ်ကိုလာမည့်နိုဝင်ဘာ၁ရက်ထက်နောက်မကျဘဲစတင်တည်ဆောက်တော့မည်ဖြစ်ကြောင်းသိရသည်။

မေ ၁၈ ရက် ရန်ကုန်မြို့တော်စည်ပင်တွင်ပြုလုပ်သည့်မင်္ဂလာဈေးသူဈေးသားများကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊စည်ပင်ကော်မတီမှတာဝန်ရှိသူများနှင့်ဒီဇိုင်းတင်ဒါအောင်ကုမ္ပဏီတို့တွေ့ဆုံ ဆွေးနွေးပွဲအပြီးတွင်ဈေးသူဈေးသားကိုယ်စားလှယ်များနှင့်လွှတ်တော်ကိုယ်စားလှယ်များကပြောကြားခဲ့ခြင်းဖြစ်သည်။

တည်ဆောက်ချိန်မှာနှစ်နှစ်(သို့မဟုတ်) နှစ်နှစ်ခွဲအထိကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာအဆင့်မီဈေးအဖြစ်တည်ဆောက်ရန်နေရာလိုအပ်သည့်အတွက်ယခင်မင်္ဂလာဈေးဟောင်းအနီးရှိစည်ပင်သာယာရေးဘဏ်ကိုဖျက်ကာမူလဈေးဟောင်းနေရာနှင့်တဆက်တည်းပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြေညီထပ်အောက်အထပ်တွင်ဘဏ်အားနေရာအစားထိုးပေးရန်စီစဉ်ထားသော်လည်းဈေးကိုယ်စားလှယ်များကဘဏ်အပါအဝင်စီးပွားဖြစ်ဆိုင်ခန်းများကိုမြေညီထပ်အောက်အထပ်တွင်ထားရှိမည့်အပေါ်လက်မခံပဲကားပါကင်အဖြစ်သာလက်ခံမည်ဖြစ်ကြောင်းသိရသည်။

ယင်း ၁၅ ထပ်ဈေးအဆောက်အအုံတွင်မီးလောင်ပါကအရေးပေါ်ဆင်းနိုင်မည့်လှေခါး၊ လုံလောက်သော ကားပါကင်၊ နိုင်ငံတကာအဆင့်မီဒီဇိုင်းကိုရေးဆွဲထားကြောင်းသိရသည်။

ဈေးသစ်တည်ဆောက်ပြီးစီးပါကမူလဈေးသည်များအားမူလနေရာပြန်လည်ချထားပေးမည်ဖြစ်ပြီးကျန်အထပ် များတွင်လူနေအိမ်များအဖြစ်ထားမည်မဟုတ်ပဲဆိုင်ခန်းများ၊အရောင်းပြခန်းများ၊စူပါမားကတ်များအဖြစ်သာလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းဈေးသစ်တည်ဆောက်ရန်အတွက်တည်ဆောက်ရေးကုမ္ပဏီတင်ဒါခေါ်ယူမည်ဖြစ်ပြီးဈေးဆောက်လုပ် နေသည်ကိုအရည်အသွေးစစ်ဆေးမည့်အဖွဲ့အဖြစ်ထိုင်ဝမ်မှငှားရမ်းမည်ဖြစ်ကြောင်းသိရသည်။

ကားပါကင်ကိုမြေညီထပ်တွင်နှစ်ထပ်နှင့်မြေပေါ်တွင်ရှစ်ထပ်ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီးစုစုပေါင်းကားအစီးရေ ၆၀၀ ကျော်ရပ်နားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဈေးသစ်ကိုရန်ကုန်မြို့တော်စည်ပင်ဘတ်ဂျက်ဖြင့်တည်ဆောက်မည်ဖြစ်ပြီးဘတ်ဂျက်အားတွက်ချက်နေဆဲဖြစ်ကြောင်းသိရသည်။

ယခင်မင်္ဂလာဈေးးဟောင်းတွင်ဆိုင်ခန်း၄၀၇၉ခန်းရှိပြီး၂၀၁၆ဇန်နဝါရီအတွင်းတွင်မီးဘေးသင့်ခဲ့ကြောင်းသိ ရသည်။

Democracy newspaper

Local Retail Office and Retail Read 59 times