ဒေါ်လာ ၁ သန်းတန် HDB တိုက်ခန်းများ


08 August, 2022

ဒေါ်လာ ၁ သန်းတန် HDB တိုက်ခန်းများ
 

စင်ကာပူမှ Housing & Development Board HDB တိုက်ခန်းရထားသူတွေက ပြန်ရောင်းကြတာမှာ ဇူလိုင်လမှာ ပြန်ရောင်းဈေး million-dollar HDB စာရင်းထဲ တိုက်ခန်း ၂ ခန်း တိုးခဲ့ပါတယ်။
ဇူလိုင်လဆန်းပိုင်းမှာ Marine Parade တွင် တည်ရှိတဲ့ သက်တမ်း ၄၇ နှစ်ရှိ HDB တိုက်ခန်းတစ်ခန် စင်ဒေါ်လာ ၁.၀၁ သန်းဖြင့် ရောင်းထွက်ခဲ့ပါတယ်။

99.co နှင့် SRX တို့မှာ သတင်းဖော်ပြချက်များအရ ဇူလိုင်လမှာပဲ Bukit Batok ရှိ HDB တိုက်ခန်းကို စင်ဒေါ်လာ ၁.၀၀၅ သန်း ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ကြမ်းခင်းဧရိယာ ၁,၇၇၆ စတုရန်းပေ ရှိတာမို့ တစ်ပေပတ်လည် psf ဈေးနှုန်းက စင်ဒေါ်လာ ၅၆၆ ဖြစ်ပါတယ်။

SkyTerrace@Dawson မှ ၅ ခန်းပါ HDB တိုက်ခန်းကို စင်ဒေါ်လာ ၁.၄၁၈ သန်း ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး စံချိန်သစ် တင်ပါတယ်။ ယခင်စံချိန်ဟောင်းက City Vue @ Henderson မှ တိုက်ခန်းဖြစ်ပြီး စင်ဒေါ်လာ ၁.၄ သန်း ဖြင့် ရောင်းထွက်ခဲ့ပါတယ်။

လအလိုက် စင်ဒေါ်လာ ၁ သန်းနှင့်အထက် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ HDB တိုက်ခန်း အရေအတွက်ကို ကြည့်လျှင် မေလ မှာ ၃၀ ၊ ဇွန်လမှာ ၃၁ နှင့် ဇူလိုင်လမှာ ၃၃ ရှိပါတယ်။
တစ်လတာအတွက် စင်ဒေါ်လာ ၁ သန်းနှင့်အထက် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ HDB တိုက်ခန်း ခုရေအများဆုံး စံချိန်က ၂၀၂၁ ဒီဇင်ဘာလ ဖြစ်ပြီး ၃၆ ခန်း ရောင်းချခဲ့ပါတယ်။

#MyanmarBuilderGuide
Telegram Channel https://t.me/Guid4U
Source: 99.co

 

 

Public Housing Read 548 times