ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးကျွန်းတွေထဲက တစ်ခုဖြစ်တဲ့ Migingo


01 March, 2020

ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးကျွန်းလေးတစ်ခုအဖြစ် သက်မှတ်ခံထားရတဲ့ Migingo ကျွန်းလေးကတော့ 2,000 sq-meter (ဝ.၄၉ ဧက) လောက်သာရှိတဲ့ ကျွန်းလေးတစ်ခုပဲဖြစ်ပါတယ်။

 

၂၀၂၀ခုနှစ်မှာဖော်ပြမှုအရဆိုရင်တော့ တရား ဝင်နေထိုင်သူစုစုပေါင်း ၁၃၁ ယောက်ရှိမှာဖြစ်ပါတယ်။ ဒါကကမ္ဘာ့လူဦးရေ အထူထပ်ဆုံးကျွန်းများမှာ အဆင့် ၃ နေရာမှာရပ်တည်စေခဲ့ပါတယ်။

 

ဒါပေမယ့် ကျွန်တော်တို့လိုမျိုး အိမ်ထောင်စုစာရင်းဝင်မဟုတ်ပဲ လာရောက်လုပ်ကိုင် စားသောက်တဲ့ လူတွေလည်းရှိပါတယ်။ ဒါတွေသာ ထည့်သွင်းထည့်ချက်မယ်ဆိုရင်တော့ ကမ္ဘာ့လူဦးရေ အထူထပ် ဆုံးဖြစ်လာနိုင်ပါတယ်။ Population Density ကတော့ 65,500 people per sq-kilometer အထက်အထိရှိပါတယ်။ 

 

ဒီကျွန်းလေးကိုစတင်အခြေချခဲ့တာကတော့ ကေညာငါးဖမ်းသမား ၂ဦးပဲဖြစ်ပါတယ်။ ငါးပေါတာကြောင့် ၁၉၉၁ခုနှစ် မှာစတင်အခြေချခဲ့ကြပါတယ်။

 

ထိုကျွန်းကလေးတည်ရှိရာ အနီးတဝိုက်တွင် ငါးများအလွန်ပေါသောကြောင့် ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးသူများ ၊ ရောင်းဝယ်ဖောက်ကားသူများစသည်ဖြင့် အများအပြား လာရောက်နေထိုင်ကြခြင်း ဖြစ်ပါသည်။

 

ဒီလိုပဲ အခြားတစ် ဖက်ရဲ့အပြောမှာတော့ ယူဂန်ဒါငါးဖမ်းသမားတစ်ယောက်က ၂၀၀၄မှာ ဒီကျွန်းကိုစတွေ့ခဲ့ပြီး စွန့်စ်ထားတဲ့အိမ်တွေ ကိုတွေ့လို့ အဖော်တွေခေါ်ကာအဆင့်သင့် လာရောက်နေထိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် သမိုင်း ကြောင်းနဲ့ပက်သတ်လို့သော ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုင်နိုင်ပါတယ်။ ကျွန်းပေါ်မှာတော့ အရက်ဆိုင်၊ ငါးဆိုင် နဲ့အလှသစ်ပင်ပန်းမန်ဆိုင်တို့ ဖွင့်လှစ်လုပ်ကိုင်စားသောက်လျှက်ရှိပါတယ်။


ကျွန်းအရွယ်အစားသေးပေမယ့် စီပွားရေးလုပ်ကိုင်ရကောင်းတာကြောင့် ပိုင်ဆိုင်မှုအငြင်းပွားမှုတွေလည်းရှိပါတယ်။ သူ့ရဲ့သမိုင်းကြောင်းလိုပဲ ကေညာနဲ့ ယူဂန်ဒါတို့အငြင်းပွားကြတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကေညာ ရောယူဂန်ဒါကပါ ရဲတပ်ဖွဲ့တွေစေလွှတ်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

Global Read 36 times