ကလော-တောင်ကြီးလမ်း အပိုင်း ဖွင့်ပွဲ အခမ်းအနား


11 December, 2019

တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီက B.O.Tစနစ်ဖြင့် ဆောက်လုပ်ပြီးစီးသော ရှမ်းပြည်နယ်(တောင်ပိုင်း) မိတ္ထီလာ-ကလော-တောင်ကြီးလမ်းပိုင်း၏ ကလော-တောင်ကြီးလမ်း အပိုင်း ၄၈ ပေ လေးလမ်းသွား ကတ္တရာကွန်ကရစ် လမ်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းအပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော်၊ ဦးသန့်စင်မောင်နှင့်  ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ဦးဝင်းမော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊  B.O.T ကုမ္ပဏီများမှလုပ်ငန်းရှင်ကြီးများ၊ အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ တိုင်းရင်းသားရိုးရာအက အဖွဲ့များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော်က မြန်မာနိုင်ငံ၏ လမ်းတံတားလုပ်ငန်းများကို B.O.T  စနစ်ဖြင့်  ၁၉၉၆  ခုနှစ်ကတည်းက လားရှိုး-မူဆယ်လမ်းအပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် တိုင်းရင်းသား B.O.T ကုမ္ပဏီပေါင်း ၂၅ ဖွဲ့က လမ်းမိုင်ပေါင်း ၃ဝ၂၅ မိုင်ကို  အဆင့်မြှင့်တင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုဆိုလျှင် ရန်ကုန်-မန္တလေး ပြည်ထောင်စု လမ်းမကြီး၊ မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီး၊ ရန်ကုန်-ပြည်-မကွေးလမ်း၏ ရန်ကုန်-တိုက်ကြီး လမ်းအပိုင်း၊ ရန်ကုန်-ဘုရားကြီး-ကျိုက်ထို-မော်လမြိုင်လမ်း၊ မန္တလေး-စစ်ကိုင်း-မုံရွာလမ်း၊ တနင်္သာရီ-မောတောင်လမ်း အပိုင်းများကို အဆင့်မြှင့်တင်နေပြီ ဖြစ်ကြောင်း၊ ယခု ကလော-တောင်ကြီးလမ်းအပိုင်း ကတ္တရာလမ်းမကြီးကို တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီက ပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကလော - တောင်ကြီးလမ်းအပိုင်းသာမက အကွေ့အကောက်များပြီး  မတ်စောက်သည့် ကလော-နမ့်ပန်တက်လမ်းအပိုင်းနှင့် ပျော်ဘွယ်-ဘုရားငါးဆူလမ်းအပိုင်း၊ သာစည်-သပြေဝလမ်းအပိုင်းများကိုပါ တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီက နှစ်အလိုက် စီမံချက်ဖြင့် လမ်းအဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 မြန်မာနိုင်ငံ၏ လမ်း-တံတားလုပ်ငန်းများကို B.O.Tစနစ်ဖြင့် ၁၉၉၆ခုနှစ်ကတည်း လာရှိုး-မူဆယ်လမ်းအပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင်တိုင်းရင်းသား B.O.T ကုမ္ပဏီပေါင်း (၂၅) ဖွဲ့က လမ်းမိုင်ပေါင်း (၃၀၂၅)မိုင်ကို ဆင့်မြှင့်တင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ မန္တလေး-လာရှိုး-မူဆယ်လမ်းမကြီး၊ ရန်ကုန်-ပြည်-မကွေး လမ်း၏ ရန်ကုန်-တိုက်ကြီးလမ်းအပိုင်း ၊ ရန်ကုန်-ဘုရားကြီး-ကျိုက်ထို-မော်လမြိုင်လမ်း ၊ မန္တလေး-စစ်ကိုင်း-မုံရွာလမ်း ၊ တနင်္သာရီ-မောတောင် လမ်းပိုင်းများကို အဆင့်မြှင့်တင် နေပြီဖြစ်ပါကြောင်း၊ ယခု ကလော - တောင်ကြီးလမ်းအပိုင်း ကတ္တရာကွန်ကရစ်လမ်းမကြီးကို တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီက ပြည်သူများတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကလော-တောင်ကြီး အပိုင်းသာမက အကွေ့အကောက်များပြီး မတ်စောက်သည့် ကလော- နမ့်ပန်တက် လမ်းအပိုင်းနှင့်ပျော်ဘွယ်-ဘုရားငါးဆူလမ်းပိုင်း၊ သာစည်-သပြေဝလမ်းအပိုင်းများကိုပါ တောင်ပေါ် ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီကနှစ်အလိုက်စီမံချက်ဖြင့် လမ်းအဆင့်မြှင့်တင်တိုးချဲ့ ဆောင် ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။

 ပြည်သူများဘက်က  အရည်အသွေးကောင်းအောင်  ဆောင်ရွက်ပေးထားသည့်  လမ်းကောင်းများကို သတ်မှတ် ထားသော ခွင့်ပြုတန်ချိန်အတိုင်း သွားလာအသုံးပြုပြီး ပေးဆောင်ရမည့် လမ်းအသုံးပြုခ၊ ဝင်ဆောင်ခပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်ပေးလိုက်သည့် မိတ္ထီလာ-ကလော-တောင်ကြီးလမ်းပိုင်း၏ ကလော-တောင်ကြီးအပိုင်း (၄)လမ်းသွား ကတ္တရာ ကွန်ကရစ်လမ်းနှင့် တံတားများ ရေရှည်အသုံးပြုနိုင်ရေး အတွက် ဒေသခံများနှင့်လမ်း အသုံးပြုသူတိုင်းရင်း သားမိဘပြည်သူများမှလမ်း-တံတားများပေါ်မှာ လိုက်နာရန် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျလိုက်နာအသုံးပြု ကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်း လမ်းတံတားများဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌက  B.O.Tစနစ်ဖြင့် လမ်းလုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြ၍ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
 
ယင်းနောက် ကလော-တောင်ကြီးလမ်းအပိုင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးခွန်ရဲထွေး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေနှင့် ဒေါ်ပြုံးကေသီနိုင်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်နှင့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးစိုင်းဖီးလစ်ရီတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များသည် လမ်းတံတား တည်ဆောက်မှုနှင့် အရည်အသွေးပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြသထားသည့် ပုံစံငယ်ပြခန်းကို ကြည့်ရှုပြီး တောင်ကြီး-ကလောလမ်းအပိုင်းအား ကတ္တရာကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို  မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။
 
ယနေ့ဖွင့်လှစ်သည့် ကလော-တောင်ကြီးလမ်း အပိုင်းသည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းမကြီး အပိုင်းတွင် ပါဝင်ပြီး B.O.T စနစ်ဖြင့် ဆောင်ရွက်သော တောင်ပေါ်ဒေသ  လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ကလော-တောင်ကြီးလမ်းအပိုင်း ၄၅ မိုင်ကို ၄၈ ပေ အကျယ် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းပြီးစီး၍ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျန်လမ်းအပိုင်းများကိုလည်း လမ်းအဆင့်မြှင့်တင်ခြင်းနှင့်  လမ်းချဲ့ခြင်းလုပ်ငန်းများကို  အပိုင်းလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source: Myawaddy

Events Read 132 times