May Tower

26 October, 2020

May Tower အမှတ် ၁၄၄/အေ၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ဗဟန်းမြို့နယ်တွင် ဆောက်နေသည့် ရုံးခန်းအဆောက်အဦးဖြစ်ပါသည်။

ထိုအဆောက်အဦးသည် Ocean Emerald Pearl Group (OEPG) ၏ မူလရုံးခန်း OEPG office tower 1 ဘေးတွင် ကပ်လျက် တည်ဆောက်နေကာ မူလက OEPG office tower 2 ဟု ခေါ်ဝေါ်ရာမှ May Tower အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။

အဆောက်အဦးသည် ၈ထပ်ခွဲ ဖြစ်ပြီး ကြမ်းခင်းဧရိယာ စုစုပေါင်း ၂၀၀၀၀ စတုရန်းပေ နီးပါးရှိကာ OEPG မှပင် တည်ဆောက်လျှက်ရှိသည်။  

စီမံကိန်း ဆောက်လုပ်ခြင်းကို ၂၀၁၅ ခုနှစ် တွင် စတင်ခဲ့ပြီး ၂၀၁၇  ခုနှစ်၊ သြဂုတ်တွင် ပြီးစီးမည်ဟု ဆိုသည်။

ပထမအလွှာကြမ်းခင်းဧရိယာ ၂,၃၅၆ စတုရန်းပေ၊ ဒုတိယအလွှာနှင့် တတိယအလွှာ ကြမ်းခင်းဧရိယာ ၂,၆၉၉ စတုရန်းပေ၊ လေးလွှာနှင့်ငါးလွှာ ကြမ်းခင်းဧရိယာ ၂,၁၆၅ စတုရန်းပေနှင့် ခြောက်လွှာ နှင့် ခုနစ်လွှာ ကြမ်းခင်းဧရိယာ ၂,၅၈၄.၇၉ စတုရန်းပေ ရှိပြီး စုစုပေါင်း ရုံးခန်းကြမ်းခင်းဧရိယာ ၁၈,၃၃၄ စတုရန်းပေ ရှိပါသည်။

ရုံးခန်း၏အပေါ်ဆုံးတွင် ၁,၂၂၃ စတုရန်းပေ ရှိတဲ့ အထူးကောင်းမွန်တဲ့ penthouse ပါဝင်ပါသည်။

ရုံးခန်းတစ်ခုချင်းစီကို အင်တာနက် cable တပ်ဆင်ပေးထားပြီး စိတ်ချရတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများ လည်း ပေးထားမည်ဖြစ်ပါသည်။ အခြားအဆောင်အယောင်များအနေဖြင့် ကျယ်ဝန်းပြီး အရည်အသွေးကောင်းမွန်သော ညီလာခံ ၃ ခု ပါဝင်မည်ဟု သိရသည်။ မီးစက်လည်း ပါဝင်မည်ဖြစ်သည်။

ဓာတ်လှေကားအပါအဝင် PA စနစ်လည်း ပါပြီး အရေးပေါ် alarm များလည်း တပ်ဆင်ထားမည်ဖြစ်သည်။

အလုပ်ရုံအစည်းအဝေးခန်းမတိုင်းကိုလည်း ဗီဒီယိုကင်မရာနဲ့တွဲဖက်တပ်ဆင်ထားတဲ့ အစည်းအဝေးခန်းမတွေ စတဲ့ ထောက်ပံ့ရေးဝန်ဆောင်မှုအမျိုးမျိုးကိုလည်း ရရှိနိုင်ပါသည်။

OEPG contact: 01 555 645, 01 555 262

This is an original writing of Myanmar Builders Guide based on information sourced from OEPG website.

Office and Retail Read 35 times