လမ်းအဆင့်မြှင့်ခြင်း တိုးချဲ့ခြင်းများပြုလုပ်ရာတွင် ပါဝင်သည့်စီမံကိန်းအတွင်း တံတားငါးစင်း ပြီးစီး


20 December, 2020

ရန်ကုန် - ပြည် - မကွေးလမ်းမကြီး တောင်တွင်းကြီး-မကွေး လမ်းပိုင်း လမ်းအဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းတွင် ပါဝင်သည့် တံတားနှင့်ရေပြွန်များအား မူလ ၂၂ ပေ မှ ၄၀ ပေ အကျယ်အထိတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများကို Max Highway Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လက်ရှိချိန်ထိ တံတား ငါးစင်းဆောင်ရွက်ပြီးစီနေပြီဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှ စ်အတွင်း တောင်တွင်းကြီး-မကွေး လမ်းပိုင်းရှိ တံတားနှင့်ရေပြွန် ၂၆ စင်းအားလည်း ပေ ၄၀ အထိတိုးချဲ့အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ တံတား(၅)စင်း ‌ဆောင်ရွက်ပြီးစီးပြီး တံတား (၂)စင်းမှာ လက်ရှိဆောင်ရွက်လျက်ရှိသည်။

တောင်တွင်းကြီး-မကွေး လမ်းပိုင်း မိုင်တိုင်အမှတ် ၃၂၈/၃ မှ ၃၃၀/၀ အထိ မူလ ၃၆ပေမှ ၄၆ပေအကျယ်သို့ AC ကတ္တရာဖြင့် အဆင့်မြှင့်တင်တိုးချဲ့ခြင်း မိုင်တိုင်အမှတ် ၃၁၄ မှ ၃၂၈/၃ အထိ မူလ ၁၈ပေမှ ၂၄ပေအကျယ်သို့ အဆင့်မြှင့်တင်တိုးချဲ့ခြင်းများလည်း ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။

ခရီးသွားပြည်သူများ၏ ခရီးသွားလာရေး ပိုမိုမြန်ဆန်လွယ်ကူပြီး အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မော်တော်ယာဉ် အသုံးပြုသူများ နေ့စဉ်နှင့်အမျှ အသုံးပြုလျက်ရှိသော လမ်း ၊ တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို Max Highway Co.,Ltd မှ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

Infrastructure and Zones Read 71 times