ဈေးသင်္ဘောတည်ဆောက်မည့် မော်လမြိုင် ကမ်းနားလမ်း


04 November, 2020

မွန်ပြည်နယ်မရမ်းကုန်းရက်ကွက်ကမ်းနားလမ်းရှိငွေမိုးဟိုတယ်ခန်းမတွင် ADP Japan Fund for Poverty Reduction အဖွဲ့၊Ministry of Hotels Tourismအဖွဲ့နှင့် မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မော်လမြိုင်ကမ်းနားလမ်း ငွေမိုးဟိုတယ်နှင့် Strand ဟိုတယ်အကြားရေပေါ်တွင် ဈေးသင်္ဘောတည်ဆောက်ရန်အတွက် မော်လမြိုင်မြို့ပေါ်ရှိ

အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ဟိုတယ်လုပ်ငန်း ရှင်များနှင့်တွေ့ဆုံပွဲကျင်းပခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး မှ ဈေးသင်္ဘောဆောက်လုပ်မှုစီမံကိန်း အားရှင်းလင်းပြောကြားပြီး Ministry of Hotels Tourimအဖွဲ့မှ

ဈေးသင်္ဘောတည်ဆောက်လျှင် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ အလုပ်အကိုင်ရရှိပြီး အမျိုးသမီးများ စီးပွားရေးလုပ်ဆောင်မှုစွမ်းရည်မြှင့်တင် ရေးစီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။


ဈေးသင်္ဘောတည်ဆောက်ရာတွင် ရန်ကုန်မြို့မှ ပညာရှင်များမှ ဆောက်လုပ်မည်ဖြစ်ပြီး ဈေးသင်္ဘောအလျား ၈၈ပေ၊အနံ၃၅ပေဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃သန်းအကုန်အကျခံပြီး ၂ဝ၁၇နိုဝင်ဘာတွင်စတင်တည်ဆောက် မည်ဖြစ်ကြောင်းသိရသည်။

တည်ဆောက်ပြီးစီးပါကနိုင်ငံခြားခရီးသွားဧည့်သည်များစိတ်ဝင်စားပြီး ဒေသထွက်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကိုရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ဝင်ကြေးမကောက်ခံဘဲ

အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ကားပါကင်နေရာများကိုလည်းအစီအစဉ်တွင် ထည့်သွင်းရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Myawaddy Newspaper

Region Mixed Use and Urban Read 108 times