ထိုင်းဘီလျံနာရဲ့ပတ္တရားမှ နတ်ဘုံနတ်နန်း အပိုင်း တချို့ ဖြိုဖျက်


01 June, 2023

 ထိုင်းဘီလျံနာရဲ့ပတ္တရားမှ နတ်ဘုံနတ်နန်း အပိုင်း တချို့ ဖြိုဖျက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


ထိုင်းနိုင်ငံ ပင်လယ်ကမ်း‌ခြေ အပန်းဖြေမြို့ ပတ္တယားမှာ တည်ရှိသည့် အိမ်ကြီးမဟာ Sukhawadee House ဟာ ပင်လယ်ကမ်းခြေ တွင်တည်ရှိပါသည်။
.
Sukhawadee သည် နတ်ဘုံနတ်နန်းဟု ဆိုလိုပြီး Sukhawadee House ကို အမည်နှင့် လိုက်အောင် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားပါသည်။ ခရီးသွားလုပ်ငန်းအတွက် ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။ ပတ္တယားသို့ အပန်းဖြေခရီးထွက်သူတို့ ဝင်ကြေးပေးပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
.
Sukhawadee House မှ Building A ကို အုပ်ချုပ်ရေး တရားရုံးမှ ဖျက်မိန့် စီရင်ချက် ချခဲ့သည်ကို အယူခံဝင်ခဲ့ရာ ပယ်ချခံရသည့်အတွက် မေလကုန်တွင် စတင်ဖြိုဖျက်ခဲ့ပါသည်။
Building A  သည် အများပိုင်မြေကို ကျူးကျော်ပြီး တည်ဆောက်ထားပြီး အခြားအဆောက်အဦ နှစ်ခုဖြစ်သည့် Building B နှင့် Building C တို့သည် ခွင့်ပြုမိန့် မရယူဘဲ တည်ဆောက်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
.
Building C ဧရိယာသည်ပင်လယ်နှင့် သတ်မှတ်ထားသော အကွာအဝေးနှင့် ငြိစွန်းနေသည့် အပိုင်းကို ဖြတ်ချရမည် ဖြစ်သည်။
.
Building B ကို အရေးယူဆောင်ရွက်ရန် တရားရုံးမှဆိုင်းငံ့ထား  ဆုံးဖြတ်ထားသည်။
.
မေလ ၃၀ ရက်တွင် ပတ္တယားမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ ၃၀ ဦးသည် Sukhawadee House သို့ ဘက်ဟိုး backhoe များ၊ ထရပ်ကားများဖြင့် ရောက်ရှိလာသည်။
.
Building A ကို ပင်လယ်ကမ်းစပ် မြေဖို့ပြီး တည်ဆောက်ထားသည်။ 
တာဝန်ရှိသူတို့က လျှပ်စစ်ဓာတ်အားနှင့် ရေတို့ကို ဦးစွာပထမ ဖြတ်တောက်လိုက်ပြီး ကြမ်းခင်းများကို ခွာထားလိုက်သည်။
Sukhwadee House ကိုယ်စားပြုရှေ့နေက လာရောက်လေ့လာပြီး ဖြိုဖျက်မှုကုိ ဖြည်းဖြည်းနှေးနှေး လုပ်ဆောင်ရန်  စည်ပင်သာယာရေးအဖွဲ့ကို တောင်းဆိုခဲ့ပါသည်။
.
ပတ္တာယားစီးတီး အင်ဂျင်နီယာရုံးမှ အဆောက်အဦကြီးကြပ်ရေးဌာန အကြီးအကဲ Chris Cherdsuriya က Sukhwadee House ပိုင်ရှင်ကို အဆောက်အဦ ဖြိုဖျက်ရန် ညွှန်ကြားခဲ့သော်လည်း ယခုအထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း ပြောကြားသည်။
.
သို့ဖြစ်ရာ ဌာနဆိုင်ရာမှ အရေးယူဆောင်ရွက်ရန် အချိန်ကျရောက်လာသည်။ အရေးတယူ ဆောင်ရွက်ခြင်း မပြုလျှင် တာဝန်ပေါ့လျော့မှုဖြင့် တာဝန်ရှိသူများ ပြစ်ဒဏ်ကျခံကြရလိမ့်မည်ဟု ၎င်းက ပြောကြားသည်။
.
အဆောက်အဦကို ပိုင်ရှင်က အသုံးမပြုနိုင်သည်မှာ သေချာအောင် အချိန် ၇ ရက် ယူမည်။ ထို့နောက်တွင် အဆောက်အဦ တစ်ခုလုံးကို  ဖြိုဖျက်ရန် ကန်ထရိုက်တာများ၏ လက်သို့ အပ်နှံမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
.
မြို့တော်စည်ပင်မှ ဖြိုဖျက်ခြင်းကုန်ကျစရိတ်ကို ပိုင်ရှင်ထံမှ တောင်းခံမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
.
Sukhwadee House ပိုင်ရှင်မှာ Saha Farms Co Ltd ပိုင်ရှင် ထိုင်းဘီလျံနာ Panya Chotitawan ဖြစ်သည်။ ၎င်းကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် အေးခဲကြက်သား ပြည်ပသို့ တင်ပို့သည့် ကုမ္ပဏီများတွင် အကြီးဆုံး ကုမ္ပဏီ ဖြစ်သည်။ သို့ဖြစ်ရာ Panya Chotitawan ကို ကြက်သားတိုင်ကွန်းသူဌေးဟု ခေါ်ဝေါ်ကြပါသည်။

 

 

MBG
 

Laws and Regulations Read 791 times