မန်းရွှေစက်တော်ဘုရားပွဲတော်တွင် တည်းခိုဆောင်များဆောက်လုပ်ရာတွင် သံထည်များ အစားထိုးဆောက်လုပ်သွားမည်


17 November, 2020

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းသည့်အနေဖြင့် ၂ဝ၁၈ခုနှစ်တွင် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် ဆောက်လုပ်မည့် တည်းခိုုဆောင်များဆောက်လုပ်ရာတွင်

သံထည်များအစားထိုးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်အနေဖြင့် သစ်တော်မပြုန်းတီးစေရေးအတွက် တည်းခိုဆောင်များ ဆောက်လုပ်ရာတွင် Steel Structure ၅ဝရာခိုင်နှုန်းအစားထိုးတည်ဆောက်မည်ဟု စီစဉ်ထားကြောင်း သိရသည်။

ကုမ္ပဏီ၏ဒီဇိုင်းအရ ပွဲတော်ကျင်းပရန်ရက်ပေါင်း ၅ဝအလိုဆိုတော့ ၅ဝဖြစ်ချင်ဖြစ်မည်။၃ဝရာခိုင်နှုန်း လည်းဖြစ်နိုင်သည်ရာခိုင်နှုန်းအတိအကျ မပြောနိုင်သေးကြောင်း သိရသည်။

မနှစ် က ဘုရားပွဲကျင်းပချိန်တွင် အဆောက်အအုံများဆောက်လုပ်ရန်အတွက် မျောတိုင် တစ်သိန်းရှစ်သောင်း ဝန်းကျင်ခုတ်ထွင်အသုံးပြုခဲ့ရသည့်အတွက် သစ်တော်မပြုန်းတီးစေရန်၊ရာသီဥတုပြောင်းလဲမဖောက်ပြန်စေရန်ကာကွယ်သည့်အနေဖြင့်

ယခုနှစ်မှ စ၍အစားထိုးပြောင်းလဲလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

တည်းခိုဆောင်လျှောက်လွှာများအား ဒီဇင်ဘာလအတွင်းရောင်းချပေးသွားမည်ဖြစ်ပြီး လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် နှစ်သိန်းဖြင့် ဝယ်ယူကာ ဘုရားကြီးဂေါပကအဖွဲ့သို့ deposit သိန်း ၄ဝ တင်ပြီး

လျှောက်ထားနိုင်ကြောင်း၊လျှောက်ထားသူများအနေဖြင့် မဲနှိုက်ရမည်ဖြစ်ပြီး မဲမပေါက်သူအား deposit သိန်း၄ဝ ချက်ချင်းပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

မဲပေါက်သူများသည် တည်းခိုဆောင်တန်ကြေးအလိုက် deposit သိန်း ၄ဝအတွင်းမှသိန်း၂ဝကို ဖိနှိမ်နိုင်သည်။ကျန် သိန်း ၂ဝအား ဂေါပက အဖွဲ့မှ deposit အနေဖြင့်

ပွဲတော်ပြီးမှ ပြန်ပေးရသည်။တည်းခိုဆောင်လုပ်ကိုင်သူများအနေဖြင့် ဂေါပကအဖွဲ့မှ သတ်မှတ်ပေးထားသော စည်းမျဉ်း၊စည်းကမ်းများအား ဖောက်ဖျက်ပါက ဒဏ်ကြေးပေးဆောင်စေရန် ယူဆောင်ထားခြင်းဖြစ်ကြောင်း ဂေါပက ဥက္ကဋ္ဌထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် စျေးဆိုင်ခန်းပေါင်း ၁ဝဝဝကျော်၊ပုဂ္ဂလိက တည်းခိုဆောင် ၁၂၆လုံးနှင့် ဂေါပကအဖွဲ့ပိုင်နမ္မဒါတည်းခိုဆောင်နှစ်လုံးဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရပြီး

ယခုနှစ် စျေးဆိုင်ခန်းများဆောက်လုပ်မှုတွင် သံထည်ဖြင့် အစားထိုးဆောက်လုပ်ခြင်း မပါဝင်သေးကြောင်း သိရသည်။

Source:Myanmar Alinn

How To Bank Loan Read 376 times