မန္တလေးတိုင်းရှိ အစိုးရဝန်ထမ်းများအတွက် တိုက်ခန်း ၅ဝဝ တည်ဆောက်ပေးနိုင်ရန်စီစဉ်


17 November, 2020

မန္တလေးတိုင်းအတွင်းရှိ အစိုးရဝန်ထမ်းများအတွက် တိုက်ခန်း ၅ဝဝ တည်ဆောက်ပေးနိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

ယင်းတိုက်ခန်းများကို ၂ဝ၁၈ခုနှစ်၏ ခြောက်လ ဘတ်ဂျက်ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊လက်ရှိအချိန်တွင် မန္တလေးတိုင်းတွင်း

ဝန်ထမ်းပေါင်း ၅၆,ဝဝဝ ကျော်ရှိနေသော်လည်း ဝန်ထမ်းတစ်ရာဦးတွင် လေးဦးကိုသာ နေရာစီစဉ်ပေးနိုင်သေးကြောင်းမန္တလေးတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမှ ပြောကြားကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်း တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနေထိုင်ရေးအဆင်ပြေစေရန်စီစဉ်ရခြင်းဖြစ်ကြောင်း၊ဝန်ထမ်းများအနေနှင့် လစာငွေများကို ပြည့်ပြည့်ဝဝ အသုံးပြုနိုင်စေရန် ရည်ရွယ်တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

***သင်စိတ်ဝင်စားနိုင်သော အိမ်ခြံမြေ ဈေးကွက်မကောင်းသည့်အတွက် အခွန်နှင့်ပတ်သက်၍ ပြန်စဉ်းစားသုံးသပ်မည်***

ကျောက်ပန်းတောင်းနှင့် မတ္တရာမြို့တို့တွင် ဝန်ထမ်းတိုက်ခန်းများတည်ဆောက်ရန် မြေနေရာရရှိထားပြီး ဖြစ်ရာကျန်ရှိသည့် မြို့နယ်များတွင်လည်း မြေနေရာရရှိမှုပေါ်မူတည်ကာဝန်ထမ်းအိမ်ရာများ

ထပ်မံတည်ဆောက်ပေးရန်ရှိကြာင်း၊၂ဝ၁၈ခုနှစ်အတွင်း ဆောက်လုပ်မည့် ဝန်ထမ်းအိမ်ရာစီမံကိန်းကို ကျပ် ၄ဒသမ ၅ဘီလီယံ အကုန်အကျခံတည်ဆောက်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းစီမံချက်များအရသိရသည်။

မန္တလေးတိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနှင့် မန္တလေးတိုင်း အတွင်းဝန်ထမ်းအိမ်ခန်း(ယူနစ်) ၂၇၈ဝကျော်တည်ဆောက်ပေးခဲ့ပြီး ဖြစ်သည်ဟုယင်းဌာန မှတ်တမ်းများအရ သိရသည်။

Source:The Voice

Public Housing Bank Loan Read 319 times