မဏိပူရ်မြစ်ကူး(ဒါတ်တား)တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ


11 December, 2019

မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတ နိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ ရန်ပုံငွေ$ ကျပ်သန်း  ၅၁၀ ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင် ရွက်ပြီးစီးခဲ့သည့် ချင်းပြည်နယ် တီးတိန်မြို့နယ် မဏိပူရ် မြစ်ကူး(ဒါတ်တား)(၃၀ဝx၁၄)ပေ

သံမဏိသံပေါင် ကြိုးတံတားသစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ တံတား၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Sauraid Kumar ၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်း၊ ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယညွှန်န်ကြားရေးမှူးချုပ်တို့က မဏိပူရ်မြစ်ကူး (ဒါတ်တား) တံတားသစ် တည်ဆောက်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Sauraid Kumar ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် ဦးတင်ဝင်းနှင့် တာဝန်ရှိသူများက မဏိပူရ်မြစ်ကူး(ဒါတ်တား)တံတားအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး တံတားပေါ်မှဖြတ်သန်း၍ ကြည့်ရှု စစ်ဆေးသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏  ဒုတိယအကြိမ်  အထောက်အပံ့ ရန်ပုံငွေဖြင့် ချင်းပြည်နယ်တွင် လမ်း၊ တံတားလုပ်ငန်း ၁၃ ခု၊ ပညာရေးလုပ်ငန်း သုံးခု စုစုပေါင်းလုပ်ငန်း ၁၆ ခုအား ခွင့်ပြုငွေ$ ကျပ် ၃၉၇၆ ဒသမ ၃၆၁ သန်းဖြင့် ဆောင်ရွက်ပြီး စီးခဲ့ပြီး တတိယအကြိမ် အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ ရန်ပုံငွေဖြင့်လည်း လမ်း၊ တံတားလုပ်ငန်း ကိုးခု၊ ပညာရေး လုပ်ငန်း ငါးခု စုစုပေါင်း လုပ်ငန်း ၁၄ ခုအား ငွေ$ကျပ် ၃၆၈၇ ဒသမ ၆၂၉၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


Source: MOI

Events Read 202 times