မဏိပူရ်မြစ်ကူးတံတား အသစ်ကို ၂ဝ၂ဝအတွင်း အပြီးတည်ဆောက်မည်

16 December, 2020

မဏိပူရ်မြစ်ကူးတံတား အသစ်ကို ၂ဝ၂ဝအတွင်း အပြီးတည်ဆောက်မည် ချင်းပြည်နယ် ဖလမ်းမြို့အနီး ခိုင်ကမ်းမြို့နှင့် ဖလမ်းမြို့အကြားရှိ မဏိပူရ်မြစ်ကို ဖြတ်ကူး၍ တံတား အသစ် တစ်စင်း တည်ဆောက်နေပြီး၂ဝ၂ဝအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုးကပြောသည်။

ခိုင်ကမ်း-ဖလမ်း-ဟားခါး ကားလမ်းပေါ်ရှိ မဏိပူရ်မြစ်ကို ဖြတ်ကူးဖောက်လုပ်ထားသည့်ဗာရ်တံတားသည် နှစ်ကာလရှည်ကြာလာခြင်းမြစ်ရေတိုက်စားခြင်း၊ ခိုင်ခံ့မှုနည်းလာခြင်းကြောင့် ပြည်နယ်အစိုးရ ဘတ်ဂျတ် ဖြင့် အဆိုပါတံတား၏ အောက်ဖက် ပေ၁ဝဝဝခန့် အကွာတွင်သံကူကွန်ရစ်တံတားအဖြစ် တည်ဆောက်နေပြီး ငွေကျပ်သန်း ၈ဝဝအသုံးပြုရန် လျာထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များဖြစ်သည့် ကျီခါး-တွန်းဇံ-တီးတိန်၊ခိုင်ကမ်း-ဝေဘူလစသည့်မြို့များမှဒေသခံများသည် ဟားခါးမြို့နှင့် ဖလမ်းမြို့သို့ သွားရောက်ရန်အတွက် ဗာရ်တံတား တစ်ခုတည်းကိုသာ အသုံးပြုနေရသည်။

Region Read 53 times