Mandalay Wholesale Market


26 October, 2020

မန္တလေး လက်ကားဈေးကြီး (Mandalay Wholesale Market) ကို မန္တလေးမြို့၏ ဗဟို ချက်ဆုံဆုံရာ စဉ့်ကိုင်မြို့နယ်၊ ပလိပ်စကားအင်းဝိုင်းလမ်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းဟောင်းတွင် တည်ဆောက်မည် ဖြစ်သည်။

မန္တလေး လက်ကားဈေးကြီးသည် မြန်မာနိုင်ငံ၏ပထမဆုံးလက်ကားဈေးကြီးဖြစ်လာမည်ဖြစ်ပြီး လက်ကားဈေးကြီးတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဒိုင်များ၊ ကောက်ပဲသီးနှံနှင့် စားသောက်ကုန်ဒိုင်များ၊ ပျိုးပင်အရောင်းဆိုင်များနှင့် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်များ နှင့် မွေးမြူရေးလုပ်ငန်းများမှ သားငါး များကို လက်လီလက်ကားရောင်းချသော ဈေးကွက်အတွက် ရည်ရွယ်၍ မန္တလေး လက်ကားဈေးကြီးအား တည်ဆောက်ခြင်းဖြစ်သည်။

ထိုမြေနေရာမှာ ၁၀၀ ဧကရှိပြီး ယခင်က ကာကွယ်ရေးဝန်ကြီးဌာနကပိုင်သောမြေဖြစ်သည်။ နောက်တွင် market ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအစိုးရသို့ လွှဲပြောင်းပေးခဲ့ပါသည်။

စင်္ကာပူအခြေစိုက် Strength United မှ master plan ကို ရေးဆွဲလျှက်ရှိပြီး ထို ဒီဇိုင်းစာချုပ်ကို ၂၀၁၅ ခုနှစ်တွင် developer သည့် မန္တလေးအစိမ်းရောင်မြို့တော်အများနှင့် သက်ဆိုင်သောကုမ္ပဏီ  (Mandalay Green City) မှ ပေးအပ်ခဲ့ပါသည်။

ထို မန္တလေးအစိမ်းရောင်မြို့တော် ကုမ္ပဏီသည် မန္တလေးမှ နာမည်ကြီးကုမ္ပဏီများနှင့် စုပေါင်းဖွဲ့ထားသည့် ကုမ္ပဏီဖြစ်ပြီး အဖွဲ့ဝင် ၁ ဦးကို မတည်ငွေ သိန်း ၃၅၀ ဖြင့် စုစုပေါင်း ၄၅ ဦး ဖြင့် ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီဖြစ်သည်။

လက်ကားဈေးကြီးတွင် လက်ကားပွဲရုံ ၄ ခုနှင့် အရံဈေးငယ် ၆ ခုကို ခေတ်မီစွာ တည်ဆောက်ပြီး သန့်ရှင်းသပ်ရပ်သော အဆင့်မြင့် ဈေးရောင်းဝယ်ရေးစနစ်ကို ဖော်ဆောင်သွားမည်ဖြစ်သည်။

ထို ဆောက်လုပ်ရေးကို မန္တလေးက နာမည်ကြီးဆောက်လုပ်ရေးများဖြစ်သည့် Man Myanmar Construction, Than Lwin Myat စသည့် ဆောက်လုပ်ရေးများအပါအဝင် ကုမ္ပဏီပေါင်း ၁၀ ကျော်  ပူးပေါင်းဆောက်လုပ်သွားမည်ဖြစ်သည်။

အဆင့် တစ်ခုချင်းအလိုက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တစ်နှစ်ချင်း အဆင့်ဆင့် ဖွင့်လှစ်တည်ဆောက်သွားမည် ဖြစ်သည်။

ပန္နက်တင်အခမ်းအနားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့ပြီး ပထမအဆင့်ကို ၂၀၁၆ ခုနှစ်အကုန်တွင် ပြီးစီးအောင် ဆောက်လုပ်မည်ဖြစ်ပြီး wholesale market တစ်ခုလုံးကို ၅ နှစ်အတွင်း တစ်ဆင့်ချင်းစီ ဆက်လက် တည်ဆောက်သွားမည်ဖြစ်သည်။

အဆောက်အအုံတည်ဆောက်ရာတွင်လည်း ကုန်သွယ်မှုဆိုင်ရာ အဆောက်အအုံများ၊ ဘဏ်နှင့် ငွေလဲလှယ်ရေးဌာနများ၊ သွင်းကုန်ထုတ်ကုန်နှင့် အကောက်ခွန်ဆိုင်ရာ အထောက်အကူပြုရုံးများ၊ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် သုတေသနဆိုင်ရာ အချက်အလက်မှတ်တမ်း အဆောက်အအုံများ ပါဝင်ပါမည်။

ဟင်းသီးဟင်းရွက်သီးနှံများကို ဓာတ်ခွဲစမ်းသပ်နိုင်သည့် ဓာတ်ခွဲခန်းများ ပါဝင်မည်ဖြစ်သဖြင့် ဈေးကြီးတွင် ဓာတ်ခွဲစမ်းသပ်ပြီး လေဆိပ်များနှင့် ချိတ်ဆက်ကာနိုင်ငံ တကာဈေးကွက်များသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေမည်ဖြစ်သည်။

လက်ကားဈေးကြီးတွင် ဒေသထွက်ကုန်များကို နိုင်ငံတကာလေဆိပ်မှတစ်ဆင့် နိုင်ငံခြားဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ပြီး မြစ်ငယ်ဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်း၊နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံဈေးကွက်များသို့ ကုန်သွယ်မှုပြုနိုင်မည်ဖြစ်သည်။

Source: Mandalay Green City, Strength United Myanmar, Ministry of Information, Myanmar Business Today, Myanmar Times

Office and Retail Read 48 times