မန္တလေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းတင်ဒါ ခေါ်ယူ


24 December, 2019

ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အဆင့်မြင့်ပညာရေးဦးစီးဌာန၊ မန္တလေးတက္ကသိုလ်တွင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် အကြီးစားပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းသည် မန္တလေးတက္ကသိုလ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် အကြီးစားပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအား တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါလျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှ စတင်ရောင်းမည်ဖြစ်ပြီး ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီလ ၃ ရက်နေ့ အထိ ရုံးချိန်အတွင်းသာ ရောင်းမည်ဖြစ်ပြီး အင်ဂျင်နီယာဌာန၊ မန္တလေးတက္ကသိုလ် ၇၃လမ်း၊ မဟာအောင်မြေမြို့နယ်တွင် လျှောက်လွှာများ ဝယ်ယူနိုင်ပါသည်။

တင်ဒါလျှောက်လွှာ တင်သွင်းရမည့်ရက်မှာ ၂ဝ၂ဝ ခုနှစ် ဖေဖဝါရီလ ၄ ရက်နေ့ အထိ ရုံးချိန်အတွင်းသာ တင်သွင်းရမည်။

တင်ဒါရွေးချယ်မည့် နေရာကို ထပ်မံ ကြေငြာပါမည်။

အသေးစိတ် အချက်အလက်များ သိလိုပါက ဖုန်းနံပါတ်များ ဝ၂-၂၈၃၂၁၂၆၊ ဝ၉-၂ဝ၂၂ဝ၅၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Infrastructure Read 495 times