ပိုင်ဆိုင်မှုအရှုပ်အရှင်းကိစ္စရပ်များဖြစ်ပေါ်နေ၍ မန္တလေးမြို့အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်ကျဆင်း


03 December, 2020


မန္တလေးမြို့အိမ်ခြံမြေဈေးကွက်တွင် ပိုင်ဆိုင်မှု အရှုပ်အရှင်းကိစ္စရပ်များဖြစ်ပေါ်နေ၍ ဝယ်ယူသူများက စိစစ်ရွေးချယ်ဝယ်ယူမှုများကြောင့် အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

သစ်တောမြေများ အကွက်ရိုက်ရောင်းချနေခြင်းနှင့် လယ်ယာမြေများအကွက်ရိုက်ရောင်းချနေခြင်းကြောင့် မြေယာအရှုပ်အရှင်းပြဿနာများဖြစ်ပေါ်လျက်ရှိပြီး၎င်းမြေများ လွှဲပြောင်းရောင်းဝယ်မှုမရှိ သေးခြင်းနှင့်

အခြားသော အရှုပ်အရှင်းကိစ္စရပ်များကြောင့် အိမ်ခြံမြေဈေးကွက်ကျဆင်းနေကြောင်းသိရသည်။

ယခင်က ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံစွာမရှိသောမြို့ပြင်က မြေများကို သာမန်ဝန်ထမ်းပြည်သူများ စိတ်ဝင်စားမှု များကြသည့်အတွက်အရောင်းအဝယ်ဖြစ်ခဲ့သည်။

ယခု တော့ ရှုပ်ထွေးမှုများ ရှိလာသောကြောင့် စိတ်ဝင်စားမှုလျော့လာသည်။ထို့ကြောင့်အရောင်းအဝယ်ကျသွားခြင်းဖြစ်သည်။

အထောက်အထားခိုင်မာမှုမရှိသည့်မြို့ပြင်က မြေကွက်အစား မြို့တွင်းတွင်မြေနေရာကျဉ်းပေမဲ့ စိတ်ချရသည်ဆိုသည့်မြေမျိုးကို ဝယ်ယူလာကြသည်။

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ၂ဝဝ၆ ခုနှစ်မှ စ၍ အရောင်းအဝယ်မြင့်တက်ခဲ့ပြီး လက်ရှိအချိန်တွင် အရောင်းအဝယ်အေးစက်သည့်အနေအထားဖြင့်သာလည်ပတ်လျက်ရှိကြောင်း၊ငွေကြေးရင်းနှီးမြှုပ်နှံသူများကလည်း

မြို့တွင်းထက်မြို့ပြင်ရှိအထောက်အထားခိုင်မာမှုရှိသော မြေနေရာကျယ်ဝန်းသည့်နေရာများကိုသာ ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

လက်ရှိအိမ်ခြံမြေဈေးနှုန်းများ အနေအဖြစ် မြို့သစ်ပိုင်း တတ၊ထထ၊ဒဒ အပိုင်းတွင်ငွေကျပ် သိန်းငါးရာ နှင့် အထက်၊ထန်းကိုးပင်အနီးမြေကွက်များမှာ ငွေကျပ်သိန်း ၈ဝဝ မှ ၃ဝဝဝခန့်၊မြရည်နန္ဒာ မြို့သစ်ပိုင်းလမ်း ၅ဝ၊၅၁ လမ်း နှင့် ၅၂ လမ်း အပိုင်းမြေကွက်များမှာ ငွေကျပ် သိန်း ၈ဝဝ မှ ၁၅ဝဝ ခန့်ဈေးနှုန်းရှိကာ ဝယ်ယူသူပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုများ ရှိကြောင်းသိရသည်။

Real Estate & Properties Read 41 times