ပုဂ္ဂလိကနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သော တင်ဒါစနစ်နှင့် ဖိတ်ခေါ်သွားမည့် မန္တလေးမင်္ဂလာဈေး


17 November, 2020

မန္တလေးမြို့ ရ၃လမ်းနှင့် လမ်း ၃ဝထောင့်ရှိ မီးဘေးသင့်မင်္ဂလာစျေးအဆောက်အအုံကြီးအား ဖြိုဖျက်ခြင်းလုပ်ငန်းမှာ ၉ဝရာခိုင်နှုန်း ကျော်ပြီးစီးနေပြီဖြစ်သောကြောင့် အသစ်ပြန်လည်တည်ဆောက်မည့်စျေးကြီးအား နိုင်ငံတကာအဆင့်မီ ပုံစံအတိုင်းဖြစ်စေရန်

ဆောက်လုပ်ရေးကုမ္ပဏီများကို တင်ဒါစနစ်ဖြင့်ချထားကာ အကျိုးတူပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အသစ်ပြန်လည်တည်ဆောက်မည့် မင်္ဂလာစျေးသစ်ကြီးသည်လက်ရှိအဆောက်အအုံထက် အထပ်ပိုမြင့်မည်ဖြစ်ပြီးဘတ်ဂျက်အခြေအနေအရ ပုဂ္ဂလိကနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သော တင်ဒါစနစ်နှင့် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုတွင် တည်ဆောက်ရေးအတွက် အကြံပြုချက်ပိုင်းနှင့်ပတ်သက်၍ တင်ပြနိုင်သော Expression of Interest (EOI)အဆိုပြုလွှာများအား ဒီဇင်ဘာလဆန်းပိုင်းက ဖိတ်ခေါ်ခဲ့ရာတွင် ဆောက်လုပ်ရေးကုမ္ပဏီလေးခုမှ အဆိုပြုတင်ပြလာသည်ဖြစ်ကြောင်း သိရသည်။

တင်ပြချက်များအပေါ်တွင် လေ့လာသုံးသပ်နေဆဲဖြစ်ပြီး တစ်ဖွဲ့ချင်းစီ၏ အသေးစိတ်ရှင်းလင်းချက်များကိုပါ နားထောာင်ပေးသွားမည်ဖြစ်ကြောင်း၊တင်ဒါ ချထားရေးကိစ္စအား ၂ဝ၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း

 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးဖြစ်သူ ထံမှ သိရသည်။

မီးလောင်ကျွမ်းခဲ့သည့်စျေးအဆောက်အအုံဖျက်သိမ်းရေးအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ငွေကျပ်သိန်း၂၅၂ဝရရှိခဲ့ကာ အသစ်ပြန်လည်တည်ဆောက်မည့် စျေးသစ်ကြီးတွင်နိုင်ငံတကာအဆင့်မီပုံစံအတိုင်း အရေးပေါ်ထွက်ပေါက်များနှင့် အထပ်တိုင်း တွင်

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်မီးခိုးန့ံထောက်လှမ်းစက်များနှင့် သတိပေးအချက်ပြကိရိယာများ၊မီးသတ်ဆေးဘူးများနှင့် မီးငြိမ်းသတ်ပစ္စည်းများတပ်ဆင်ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

မင်္ဂလာစျေးကြီးသည် ၂ဝ၁၆ခုနှစ် မတ် ၂၂ရက်က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ငွေကျပ်သိန်းပေါင်းတစ်သောင်းကျပ်ဆုံးရှုံးမှုတန်ဖိုးရှိကြောင်း သိရသည်။

Housing Region Read 163 times