မန္တလေးမြို့တွင် လမ်းမီးတိုင် အသစ် တစ်သောင်းကျော် စံချိန်တင်စိုက်ထူသွားမည်


20 December, 2020

မန္တလေးမြို့တွင် လမ်းမီးတိုင် အသစ် တစ်သောင်းကျော် စံချိန်တင်စိုက်ထူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာရဲလွင်က တရားဝင် သတင်း ထုတ်ပြန်သည်။

“ဒီနှစ်ဘတ်ဂျက်မှာ လမ်းမီးတိုင် အသစ် ၁၀,၉၀၀တိုင် စံချိန်တင် စိုက်ထူသွားပါမယ်။အရှေ့ အနောက် ဆက်သွယ်တဲ့လမ်းတွေနဲ့ မြောက်ကနေတောင်ဘက်ကို ဆက်သွယ်ပေးတဲ့ လမ်းမတန်း တွေမှာအဓိ ကထား ထွန်းပေးသွားမှာပါ။အခုအထိ ကြားလမ်းတွေနဲ့ လမ်းသွယ်တွေ အတွက် လှူထားတဲ့ မီးတိုင် ပေါင်းကလည်း

၃-လအတွင်း ၁,၇၄၃ တိုင်ရှိနေပါပြီ။ဆက်လက်လှူကြအုန်းမှာပါ။Smart street light control system LoRa network ကိုလည်းတည်ဆောက်သွားမှာဖြစ်လို့ တိုင်အားလုံးရဲ့ အဖွင့်အပိတ် အပြင် အပူချိန်၊ စိုထိုင်းဆ၊ LED streetlight output current နဲ့ Distribution Panel ရဲ့ power ကိုပါ ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။Streetlight dimming system ကိုပါထည့်ထားလို့ လမ်းသွားလမ်း လာ အသုံးပြုသူနည်းချိန်တွေမှာ အလင်းအားလျှော့ပေးခြင်းဖြင့် မီတာစားသက်သာလာမှာပါ”ဟု မြို့တော်ဝန်က ယင်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

Local Read 48 times