မန္တလေးတိုင်းဒေသကြီး မီးသတ်စခန်းများအတွက် အဆောက်ဦး ၁၀ လုံး တည်ဆောက်ရန် တင်ဒါခေါ်ယူ


26 November, 2019

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနလက်အောက်ရှိ မီးသတ်စခန်းအသီးသီးတွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန်မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး တင်ဒါခေါ်ယူရေးကော်မတီမှထုတ်ပြန်ထားသည်။

တင်ဒါခေါ်ယူမည့် အဆောက်ဦးများမှာ


(က) ရမည်းသင်းခရိုင် မီးသတ်စခန်း(၁၃၃+၅၂x၂၆) သံကူကွန်ကရစ် (၂)ထပ် ၁ လုံး


(ခ) မိတ္ထီလာခရိုင် မီးသတ်စခန်း(၁၃၃x၅၂x၂၆) သံကူကွန်ကရစ် (၂)ထပ် ၁ လုံး


(ဂ) ပန်းအိုင်နယ်မြေ မီးသတ်စခန်း(၄၅x၅ဝx၂၆) သံကူကွန်ကရစ် (၂)ထပ် ၁ လုံး


(ဃ) ဆီမီးခုံနယ်မြေ မီးသတ်စခန်း(၄၅x၅ဝx၂၆) သံကူကွန်ကရစ် (၂)ထပ် ၁ လုံး

 

(င) ငါန်းမြွှာကြီးနယ်မြေ မီသတ်စခန်း(၄၅x၅၀x၂၆) သံကူကွန်ကရစ် (၂)ထပ် ၁ လုံး


(စ) စဉ့်ကူးနယ်မြေ မီးသတ်စခန်း(၄၅x၅ဝx၂၆) သံကူကွန်ကရစ် (၂)ထပ် ၁ လုံး

 

(ဆ) ငါ့သရောက်နယ်မြေ မီးသတ်စခန်း(၄၅x၅၀x၂၆) သံကူကွန်ကရစ် (၂)ထပ် ၁ လုံး


(ဇ) အောင်ပင်လယ်နယ်မြေ မီးသတ်စခန်း(၄၅x၅ဝx၂၆)သံကူကွန်ကရစ် (၂)ထပ် ၁ လုံး


(ဈ) အောင်မြေသာစံမြို့နယ် ဝန်ထမ်းနေအိမ် (၄)ခန်းတွဲ (၄)ထပ် သံကူကွန်ကရစ်(၈၀x၃၀)


(ည) စဉ့်ကိုင်မြို့နယ် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းနေအိမ် သံကူကွန်ကရစ် (၈၀x၃၀)


(ဋ) (၂)ခန်းတွဲ ရေလောင်းအိမ်သာ (၃) တမရ(ရုံး)စခန်းချိန်းလင်း ခြံစည်းရိုးခတ်ခြင်း(၄၂၀x၃၃ဝ)ပေ တို့ဖြစ်သည်။


အိတ်ဖွင့်တင်ဒါနှင့် စည်းကမ်းချက်များကို ၂၂-၁၁-၂၀၁၉ ရက်မှစတင်၍ (ရုံးချိန်အတွင်း) မန္တလေး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် ရောင်းချပေးမည်ဖြစ်ကြောင်းသိရပြီး ၁၆-၁၂-၂၀၁၉ ရက် ၁၇၀၀ နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရန်နှင့် ၂၀-၁၂-၂၀၁၉ ရက်တွင် တင်ဒါဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
အသေးစိတ်သိရှိလိုပါက မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၏ ၀၂-၄၀၆၀၇၃၈၊ ၀၉-၂၀ဝ၀၁၅၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Source: မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး တင်ဒါခေါ်ယူရေးကော်မတီ

Infrastructure Read 454 times