Mandalay Convention Centre


26 October, 2020

Mandalay Convention Centre စီမံကိန်းကတော့ အမေရိကန်က ဗိသုကာဒီဇိုင်း ဆွဲပေးပြီး မန္တလေးဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်ထားသော မန္တလေးမြို့၏ ပထမဆုံး ခန်းမ Convention Centre ဖြစ်ပါသည်။

ထို  Convention Centre မှာ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ သိပ္ပံလမ်းပေါ်၆၉  x ၇၂ လမ်းကြား မြေ ၂.၄ ဧကပေါ်တွင် တည်ရှိပါသည်။

ယခင်က မန္တလေးတွင် ပွဲကြီးကြီးမားမားရှိပါက မြို့တော်ခန်းမကိုသာ အသုံးပြုနေရပြီး နောက်ပိုင်းတွင် အသုံးပြုသူများ များပြားလာသဖြင့် မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက စက်တင်ဘာလ ၂၀၁၂ ခုနှစ်တွင် လိုအပ်သည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး တင်ဒါခေါ်ရန် လုပ်ဆောင်ခဲ့ပါသည်။

ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု

ထို Convention Centre ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ တွင် တင်ဒါခေါ်ခဲ့ပြီး တင်ဒါ ပြိုင်ဘက် တင်ဒါပြိုင်သူ ၂၃ ယောက် အနက် CAD ကုမ္ပဏီနှင့် New Star Light တို့ ပူးပေါင်းထားသည့် ကုမ္ပဏီက အနိုင်ရခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ  စ၍ တည်ဆောက်ခဲ့ပါသည်။

ထို့နောက်တွင် Mandalay Investment and Development Group (MIDG) ကုမ္ပဏီကို ထူထောင်ကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဖြင့်တရားဝင် အကျိုးတူ  ပူးပေါင်းကာ ဆက်လက်လုပ်ဆောင် ခဲ့ပါသည်။

ဗိသုကာဒီဇိုင်းကို အမေရိကန်ပြည်ထောင်စုမှ Gensler ဟု ခေါ်သည့် ဗိသုကာပညာရှင်အဖွဲ့ ကုမ္ပဏီက ရေးဆွဲထားပြီး

ဆောက်လုပ်ရေးကို CAD ကုမ္ပဏီနှင့် New Star Light ကုမ္ပဏီတို့မှ အမေရိကန်ဒေါ်လာ ၂၅ သန်း အကုန်အကျခံကာ အဆောက်အအုံအား တာဝန်ယူတည်ဆောက် ခဲ့ပါသည်။

Company Country of Origin Role
MCDC Myanmar Land Owner
Gensler US Architect
CAD Construction and Decoration Myanmar Contractor
New Star Light Construction Myanmar Contractor

သို့ရာတွင်လည်း ထို Convention Centre မှာ သူ့ထက်ကြီးမားသည့် Mandalay Convention Centre and Commercial Complex ဟု ခေါ်သည့် စီမံကိန်း၏ ပထမအဆင့်ဖြစ်ပြီး Convention Centre ၏ ဘေးတွင်လည်း အထပ်မြင့်အဆောက်အအုံများ ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်သည်။

မတ်လ ၂၀၁၆ တွင် အဆောက်အအုံအား Soft Opening လုပ်ထားပြီး ဇွန်လ ၂၀၁၆ ခုနှစ်တွင် အပြည့်ဖွင့်လှစ်သွားမည်ဟု သိရှိထားပါသည်။

အဆောက်အအုံ ဒီဇိုင်းနှင့်နည်းစနစ်များ

အဆောက်အအုံမှာ ၄ ထပ်ဖြစ်ပြီး RC အမျိုးအစားဖြစ်ကာ စတီးဖရိန်ဖြင့် တည်ဆောက်ထား ကာ ကြမ်းခင်းဧရိယာစုစုပေါင်း စတုရန်းပေ ၁၄,၆၇၅ ၊

မြေအောက်ထပ်တွင် စတုရန်းပေ ၆၁,၃၅၄ ကျယ်ဝန်းပြီး ကား ၁၈၁ စီးနှင့်ဆိုင်ကယ် ၆၉ စီး ရပ်နားနိုင်သည့်  ကားရပ် နားစခန်းပါရှိပြီး မြေညီထပ်တွင် လူ ၄၅ဝဝ ဆံ့ပြပွဲခန်းမနှင့် ပွဲကြိုခန်းမပါရှိပါသည်။

စတုရန်းပေ ၃၇,၆၇၃ ကျယ်ဝန်းသောပထမထပ်တွင် လူ ၄၄၈၈ ဆံ့ မင်္ဂလာခန်းမနှစ်ခု၊ ဒုတိယထပ်တွင် လူဦးရေ ၂၆၄ ဦးဆန့် Conference Hall ၁ ခု, လူ ၃၆ ဦးဆံ့ Meeting  ခန်းမသုံးခုနှင့် function hall ပါရှိပြီး လူ ၁၄၀၈ ဦးဆံ့  Meeting ခန်းမသုံးခုနှင့် management office ပါရှိပြီး function hall တို့ ပါရှိပါသည်။

စတုရန်းပေ ၃,၂၂၉ ကျယ်ဝန်းသောတတိယထပ်တွင်လူ ၃၆ ဦးဆန့် VIP အခန်းများလဲပါဝင်ကြောင်းသိရသည်။

နိုင်ငံတကာ အဆင့်မီ ဗဟိုလေအေးပေးစက်၊ အသံစနစ်၊ မီးသတ် အချက်ပေးနှင့် မီးသတ်စနစ်၊ စက်လှေကားခြောက်စင်း၊ ဓာတ်လှေကားသုံးစင်းတို့ဖြင့် တပ်ဆင်ထားကြောင်းလည်းသိရသည်။ ထူးခြားမှုအနေဖြင့် Car Show များ ပြနိုင်ရန်အဆင်ပြေရန်အတွက် ကားပါတင်နိုင်သည့် ဓာတ်လှေကားများပါ ထည့်ထားသည်ဟု သိရသည်။ 

Institution Read 33 times