တရုတ်-မြန်မာ ရထားလမ်းအတွက် အဓိကကျသည့် လိုဏ်ဂူ ပြီးစီး


04 August, 2021

ဒါလီဘိုင် ကိုယ်ပိုင်အုပ်ချုပ်ရေး စီရင်စုနဲ့ ရွှေလီမြို့တို့အကြား ဆက်သွယ်တဲ့ ရထားလမ်းကို ယူနန်ပြည်နယ်မှာ ဖောက်လုပ်လျက် ရှိရာ အဓိကကျသည့် လိုဏ်ဂူတစ်ခုကို ဇူလိုင်လကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။  

အဆိုပါ လိုဏ်ဂူသည် အလျား ၁၄.၆၆ ကီလိုမီတာ ရှည်ပြီး Dapoling Tunnel ဟု အမည်တွင်ပါတယ်။ တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်း စင်္ကြံအတွက် အရေးပါတဲ့ရထားလမ်းပိုင်းဖြစ်တဲ့  ၃၃၀ ကီလိုမီတာ ရှည်လျားတဲ့ ဒါလီ-ရွှေလီ ရထားလမ်းပိုင်းအတွက် အခရာကျသည့် လိုဏ်ဂူဖြစ်ပြီး ဖြစ်ပါတယ်လို့ China Railway Kunming Group Co., Ltd. က ဆိုပါတယ်။ 


၁၄ နှစ်တိုင်တိုင် ကြိုးပမ်းခဲ့ပြီး လိုဏ်ဂူဆောက်လုပ်ရေးကို အခက်အခဲများ ကျော်လွှားပြီး ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ မြေသားပျော့တဲ့နေရာမှာ လိုဏ်ဂူဖောက်ရတဲ့အတွက် ပုံပျက်တာ ကြုံရတဲ့အပြင် မြေပြိုကျတာ ၉၇ ကြိမ်တိုင်တိုင် ကြုံခဲ့ရတယ်။ ငလျင်လှုပ်တာကိုလည်း ၉၇ ကြိမ် ကြုံခဲ့ရပြီး ငလျင်ပြင်းအားအဆင့် ၃ မှ ၆ အထိ ရှိခဲ့ပါတယ်။ မြေအောက် လိုဏ်ခေါင်းအတွင်းမှာ အပူချိန်က ၄၀ ဒီဂရီ စဲလ်စီးယပ်ကျော် အမြဲပူအိုက်နေတာကိုလည်း လုပ်သားတွေ ကြံ့ကြံ့ခံပြီး လုပ်ကိုင်ခဲ့ကြရပါတယ်။ 

 ဒါလီ-ရူလီ ရထားလမ်းပိုင်း ပြီးစီးသွားတဲ့အခါ ယူနန်အနောက်ပိုင်း သယ်ယူပို့ဆောင်ရေးကို အကြီးအကျယ် တိုးတက်ကောင်းမွန်သွားစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 


Source : www.china.org.cn

Infrastructure and Zones Read 20969 times