မဲဇာချောင်းကူးတံတား


27 October, 2020

မဲဇာချောင်းကူးတံတား စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း ဝန်းသို-အင်းတော် ကားလမ်းပေါ်ရှိ မဲဇာချောင်းကူးတံတားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း စတင်တည်ဆောက်ခဲ့ကြောင်းသိရသည်။

တံတားအရှည်ပေ ၇၀၀ ၊ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်းတစ်ဖက်လျှင် သုံးပေစီရှိပြီး ပေ ၁၀၀ ခန်းခုနှစ်ခန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သည် ဟုသိရသည်။

ထိုတံတားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ရန်ပုံငွေမှ ကျပ် ၂၀၁၅ သန်းကျော်အကုန်အကျခံတည်ဆောက်ထားသည် ဟုသိရသည်။

ယင်းတံတားမှာ မဲဇာချောင်းကို ဖြတ်၍ သံလမ်းကူးတံတားကြီး နှင့် အပြိုင်တည်ဆောက်ထားခြင်းဖြစ်သည်။

ယင်းမဲဇာချောင်းကူးတံတားတည်ဆောက်ပြီးစီးသွားပါက အင်းတော်မြို့နယ်နှင့် ဝန်းသိုမြို့နယ်သို့ သွားလာရေးကို လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်းသိရသည်။

ထိုတံတားမှာ မကြာခင်ပြီးစီးတော့မည်ဖြစ်ပြီး ယခုအချိန်တွင် ဒေသခံများသည် ချောင်းကို စက်လှေများဖြင့် ဖြတ်ကူးနေရကြောင်းသိရသည်

Source:Kyeemon

Infrastructure and Zones Read 167 times