ယာဉ်နှင့်ကုန် ၄၈ တန်ကို ဖြတ်သန်းခွင့်ပြုလိုက်သော မလွှဲတောင်ဘေလီတံတား


16 September, 2019


ဩဂုတ် ၁၀ ရက်က တောင်နံရံပြိုကျပြီး ပျက်စီးသွားသော ထားဝယ်-မလွှဲတောင်လမ်းပိုင်းကို ဘေလီတံတားတပ်ဆင်ပြီး စက်တင်ဘာ ၇ ရက်က ယာဉ်နှင့်ကုန် ၄၈ တန်ကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ခရိုင် (ပြန် /ဆက်)၏ သတင်းအရသိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၏ မိုင်တိုင်အမှတ် ၈၀/၂ တွင် မလွှဲတောင် တောင်နံရံပြိုကျပြီး ပေ ၁၀၀ ခန့် လမ်းပိုင်းပျက်ကျမှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါနေရာအား ဩဂုတ်လ ၁၆ ရက်က ယာဉ်နှင့်ကုန် ၂၄ တန်ခံနိုင်အားရှိသည့် ယာယီဘေလီတံတားကို လမ်းဦးစီးဌာနက ဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ်များဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ကုန်တင်ယာဉ်ကြီးများအနေဖြင့် ဖြတ်သန်းရန် အခက်အခဲရှိခဲ့ရာ ကုန်စည်စီးဆင်းမှုနှောင့်နှေးခဲ့ကြောင်း သိရပါတယ်။

ယင်း ၂၄ တန်ခံနိုင်ဝန်မှ ၄၈ တန်ခံနိုင်ဝန်အားရှိသည့် ဘေလီတံတားကို လမ်းဦးစီးဌာနက ဩဂုတ် ၂၈ ရက်က စတင်တည်ဆောက်ခဲ့ကာခံနိုင်ဝန်စမ်းသပ်ပြီး စက်တင်ဘာ ၇ ရက်က ယာဉ်ကြီးများအားဖြတ်သန်းခွင့်ပြုလိုက် ကြောင်း သိရပါတယ်။

 

Region Read 39 times