M Tower


26 October, 2020

M Tower အထပ်မြင့် ရုံးခန်း အဆောက်အဦးသည် အမှတ် ၅၂၇ ပြည်လမ်းမကြီး ကမာရွတ်မြို့နယ်တွင် လှည်းတန်းစင်တာ နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (ADG Bank) ကြားတွင် တည်ဆောက်သည့် စီမံကိန်းဖြစ်ပါသည်။

ထိုအဆောက်အဦးကို ၂၀၁၃ ခုနှစ်က AMC Office Tower ဟု ခေါ်ဆို၍ ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ထိုအချိန်က ဒီဇိုင်းမှာ ၃၀ ထပ်ရှိသဖြင့် စည်ပင်သာယာအမြင့်ပေ ကန့်သတ်ချက် ကျော်လွန်သည်ဟု ဆိုကာ ဆိုင်းငံ့ခံခဲ့ရသော စီမံကိန်းဖြစ်ပါသည်။

ထို့နောက်တွင် အထပ်လျော့ပြီးသောအခါတွင် ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုချက်ပြန်လည်ရရှိခဲ့ပြီး ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

M Tower သည် ၂၆ ထပ်ရှိ စတီးဖရိန် အထပ်မြင့် အဆောက်အဦးဖြစ်ပြီး  မြေအောက် ၄ လွှာကို ခိုင်ခံ့အောင် သံကူကွန်ကရစ်ဖြင့် တည်ဆောက်မည်ဖြစ်သည်။

အဆောက်အဦးကို တရုတ်ပြည်မှ Sino Great Wall International Engineering မှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ပြီး ဒေါ်လာသန်း ၈၀ ခန့် ကုန်ကျမည်ဖြစ်သည်။  အဆိုပါဆောက်လုပ်ရေး စာချုပ်ကို Sino Great Wall က ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် developer ဖြစ်သည့် Maha Land Development  ရရှိခဲ့ပါသည်။

ထိုအဆောက်အဦး၏ မြေနေရာမှာ ၃၈၀၀ စတုရန်းမီတာရှိပြီး ကြမ်းခင်းဧရိယာပေါင်း ၇၀၀၀၀ စတုရန်းမီတာ ရှိသည်ဟု သိရသည်။

Company Country of Origin

Role

Mottama Holdings Myanmar Developer and landowner
Sino Great Wall China Construction
SURV China Architecture design
MAA China Project management and BIM

ဆောက်လုပ်ရေးကို ၂၀၁၆ ခုနှစ် ဇွန်လ မှ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြီးမည်ဟု သိရသည်။  အဆောက်အအုံ၏  မြေပေါ်အမြင့်မှာ ၁၁၁.၂ မီတာနှင့် မြေအောက်အနက် ၁၁.၂ မီတာ နက်ပါသည်။

စီမံကိန်း အင်ဂျင်နီယာပိုင်းဆိုင်ရာကို MAA Group က အဓိကတာဝန်ယူခဲ့ပါသည်။ MAA လုပ်ရသည့်အလုပ်များမှာ ဒီဇိုင်းဆွဲခြင်း၊ စီမံကိန်းစီမံခန့်ခွဲခြင်းနှင့် BIM ရေးဆွဲပေးခြင်းတို့ဖြစ်ပါသည်။

ဗီသုကာဒီဖိုင်းကို MMA’s ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် တရုတ်ပြည်မှ SURV မှ ဆွဲပေးခဲ့ပါသည်။

Maha Land Development ကုမ္ပဏီသည် Mottama Holding ၏ အိမ်ခြံမြေလုပ်ငန်းလုပ်ရန်အတွက် အသစ်တည်ထောင်ထားသည့် လက်ခွဲ ကုမ္ပဏီတစ်ခုဖြစ်သည်။

Source: MAA Group, Sino Great Wall, Myanmar Times, The Voice Daily

Office and Retail Read 106 times