တန်ဖိုးနည်းခေါက် အိမ်များ


27 October, 2020

တရုတ်နိုင်ငံမှ တင်သွင်းပြီးအသင့်ဆောက်လုပ်နိုင်သောတန်ဖိုးနည်းခေါက်အိမ်များ ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်းသိရသည်။

ထိုတန်ဖိုးနည်းခေါက်အိမ်များကို Treasure Triangle ကုမ္ပဏီမှ တင်သွင်းထားကြောင်းသိရသည်။
ယင်းခေါက်အိမ်များကိုကုန်သေတ္တာများနှင့် ပုံစံတူပြီးမီးမလောင်နိုင်သောIEps Panel ဆောက်လုပ်ရေးကုန်ကြမ်းသုံးပစ္စည်းများအသုံးပြုကာမိနစ်ပိုင်းအတွင်းကရိန်းဖြင့်ချိတ်ဆက်တည်ဆောက်နိုင်သည် ကိုတွေ့ရသည်။
မြေနေရာရှိရုံဖြင့် အသင့်ဆောက်လုပ်နိုင်သည့် တန်ဖိုးနည်းခေါက်အိမ်များကိုတစ်အိမ်လျှင် ကျပ်သိန်း ၅၀ ဖြင့် တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်းကာစတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
အထူးသဖြင့် မီနီမတ်၊ ကော်ဖီဆိုင်၊ ဆိုင်ခန်းများနှင့် ဂိုဒေါင်များအဖြစ် အသုံးပြုနိုင်သကဲ့သို့ အပန်းဖြေနေရာများတွင် ဘန်ဂလိုအဆောင်များအဖြစ်အဓိကအသုံးပြုမည့် ဈေးကွက်ကိုရည်ရွယ်ထားကြောင်းသိရသည်။
နောက်ပိုင်းတွင် အိမ်ဝယ်ယူရန်မတတ်နိုင်သည့် ဝင်ငွေနည်းလူတန်းစားများအတွက် အဓိကရည်ရွယ်ထားသည် ဟုသိရသည်။
အခန်းအတွင်းပိုင်းတွင် အခန်းဖွဲ့ခြင်း၊ဝရန်တာပြင်ဆင်ခြင်း၊ ပါကေးခင်းခြင်းများနှင့် အခြားအလှဆင်ခြင်းများကိုလည်းလုပ်ကိုင်ပေးမည်ဖြစ်ကြောင်းသိရသည်။
မြေအလွတ်ရှိပြီးဆောက်လုပ်စရိတ်သက်သာလိုသောလုပ်ငန်းရှင်များအနေဖြင့် ကော်ဖီဆိုင်ဖွင့်လှစ်ခြင်း၊ ဘန်ဂလိုဆောက်လုပ်ခြင်းများပြုလုပ်နိုင်ပြီး နိုင်ငံခြားတွင်အများဆုံးအသုံးပြုလေ့ရှိကြောင်းသိရသည်။
တန်ဖိုးနည်းခေါက်အိမ်တန်ဖိုးမှာကျပ်သိန်း ၅၀ ရှိကြောင်းသိရသည်။
Source:7 Day Daily

Global Read 34 times