တန်ဖိုးနည်း အိမ်ရာများကို သင်္ကြန်အပြီးတွင် စိစစ်ရောင်းချပေးသွားမည်


23 November, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အိမ်မရှိသူများအတွက်ရောင်းချပေးမည့် တန်ဖိုးနည်း အိမ်ရာများကို သင်္ကြန်အပြီးတွင် စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။

ယခုအခါရန်ကုန်တိုင်းဒေသကြီးအတွင်းအိပ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် အခြေခံ လူတန်းစားများ ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေးအတွက် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများမှ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် သင်္ဃန်းကျွန်း၊တောင်ဒဂုံ၊ဒဂုံဆိပ်ကမ်း၊မြောက်ဥက္ကလာပ၊ရွှေပြည်သာနှင့် လှိုင်သာယာစသည့် မြို့နယ်များမှ

တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ကို ရန်ကုန်မြို့တွင် နေထိုင်ပြိးနေအိမ်ပိုင်ဆိုင်မှု မရှိသူများကို ရောင်းချပေးရန် ယခုနှစ်ဖေဖော်ဝါရီ ၁၅ရက်မှ စတင်ကာလျှောက်လွှာများခေါ်ယူခဲ့ကြောင်း သိရသည်။

ယင်းတန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို ၂ဝရာခိုင်နှုန်း လက်ငင်းငွေချေပြီး ကျန်နေသည့် ငွေကြေးပမာဏကို အရစ်ကျစနစ်ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး လက်ငင်း ဝယ်ယူလိုသူများကို တိုက်ခန်းတန်ဖိုး၏ သုံးရာခိုင်နှုန်း လျှော့ပေးသွားမည်ဖြစ်သည်။

ယင်းရောင်းချပေးမည့် တန်ဖိုးနည်း အိမ်ရာတိုက်ခန်း အခန်းပေါင်း ၁ဝဝဝဖြစ်ပြီး တိုက်ခန်းဈေးနှုန်းများမှာ ငွေကျပ် သိန်း ၁ဝဝခန့်ဖြစ်သည်။

ယင်းတန်ဖိုးနည်း အိမ်ရာတိုက်ခန်းများ ဝယ်ယူရန် လျှောက်လွှာများကို ခရိုင်အလိုက် ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ခရိုင်တစ်ခရိုင်အတွက် လျှောက်လွှာ အရေအတွက် ၁ဝဝဝဝ နှုန်းဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လေးခရိုင်အတွက် လျှောက်လွှာ ၄ဝဝဝဝ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယင်းတန်ဖိုးနည်းအိမ်ရာတိုက်ခန်းဝယ်ယူရန် လျှောက်ထားသူသောင်းချီရှိနေကြောင်း သိရသည်။

Local Public Housing Read 53 times