စစ်ကိုင်းရှိတန်ဖိုးနည်းတိုက်ခန်းများ တွင်နေထိုင်ခွင့်ကိုလာမည့်လတွင်မဲနှိုက်ချထားပေးမည်


17 November, 2020

စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီးတွင် တည်ဆောက်နေသည့်တန်ဖိုးနည်းတိုက်ခန်းများတွင် နေထိုင်ခွင့်ကိုလာမည့်ဖေဖော်ဝါရီလတွင် မဲနှိုက်ချထားပေးမည်ဖြစ်ကြောင်း

စစ်ကိုင်းမြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှ ယခုလ ဒုတိယပတ်တွင် ပြောကြားကြောင်းသိရသည်။

လာမည့်လတွင်မဲနှိုက်ချထားပေးမည်ဖြစ်ပြီး မဲနှိုက်ပြီးမကြာမီအချိန်တွင် မဲပေါက်သော သူများအနေနှင့် တက်ရောက်နေထိုင်ခွင့် ရမည်ဖြစ်သည်။

အဓိက ရည်ရွယ်ချက်မှာ အိမ်မရှိ၊ဝင်းမရှိ၊ဝင်ငွေနည်းပါးသူများ နှင့် အစိုးရဝန်ထမ်း လုပ်သက် ၂၅နှစ်ရှိဝန်ထမ်းများနှင့်အငြိမ်းစားများအတွက် ဖြစ်သည်။

မန္တလေး-မုံရွာကားလမ်းဘေးရှိ နွားပွဲစျေးအနီးရှိ ယင်းတန်ဖိုးနည်းအငှားတိုက်ခန်းများအား စစ်ကိုင်းမြို့နယ် စည်ပင်သာယာပိုင်မြေပေါ်တွင် တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေဖြင့် ၂ဝ၁၆ခုနှစ် သြဂုတ်လတွင် စတင်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအငှားတိုက်ခန်းများအား တစ်လလျှင် ကျပ် နှစ်သောင်းမှ ကျပ်သုံးသောင်းနှုန်းဖြင့် ငှားရမ်းမည်ဖြစ်ပြီးယခုလ ဒုတိယပတ်အထိလာရောက်လျှောက်ထားသူဦးရေ ၃၅ဝ ကျော်ပြီဖြစ်ကြောင်း သိရသည်။

ယင်းတန်ဖိုးနည်းအငှားတိုက်ခန်း၏အိမ်ရာပုံစံမှာ ၁၂ခန်းတွဲပါအထပ်လေးထပ်ရှိ အဆောက်အအုံအဖြစ်တည်ဆောက်ထားပြီး ပုံစံတူ

အဆောက်အအုံနှစ်လုံးရှိသည်။စုစုပေါင်း အခန်းအရေအတွက်မှာ ၉၆ခန်း ရှိကာ တစ်ခန်းလျှင် အနံ ၁၈ပေ၊အလျား ၂၅ပေ ကျယ်ဝန်းပြီး အခန်းတိုင်းတွင် ရေနှင့်မီးအပြည့်အစုံပါဝင်ကြောင်း သိရသည်။

Region Public Housing Read 57 times