တန်ဖိုးနည်းအိမ်ရာများ အတိုးမပါဘဲ ရောင်းချနိုင်မည့်နည်းလမ်းကို ရှာဖွေနေ


24 November, 2020

တန်ဖိုးနည်းအိမ်ရာများသည် အတိုးနှုန်းဖြင့် တွက်ကြည့်ပါက တိုက်ခန်းတစ်ခန်းလျှင် မူရင်းရောင်းဈေးထက် များစွာကြီးမြင့်သွားခြင်းကြောင့်

အတိုးမပါဘဲ ရောင်းချနိုင်မည့်နည်းလမ်းကို ရှာဖွေနေကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး မှ ပြောကြားသည်။

လက်ရှိတွင် ဆောက်လုပ်ပြီးစီးသော တိုက်ခန်းများကို ကျပ်သိန်း ၁၂ဝ ဖြင့် ၁၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းမည်ဆိုပါက အတိုးနှုန်း ၁၃ ကျပ်နီးပါးဖြင့်တွက်လျှင် ကျပ်သိန်း ၂၇ဝ ခန်

့ ဖြစ်သွားမည်ဖြစ်သောကြောင့် ပြည်သူစိတ်ဝင်စားမှုမရှိသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း ၎င်းကဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် အစိုးရ ၂ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်ကို ရှင်းလင်းပြောကြားရာတွင် သတင်းထောက်များကို ၎င်းက ရှင်းပြခဲ့ခြင်း ဖြစ်သည်။

“အတိုးကို တစ်ခုခုက ကျခံလိုက်လို့ရှိရင် သိန်းတစ်ရာတန်အခန်းသည် တစ်ရာနဲ့ပဲရောင်းရမယ်။ ဥပမာ - ၁၅ နှစ် ပြည့်ရင်လည်း ၁ဝဝ ပဲ ဖြစ်အောင် နည်းလမ်းရှာဖွေနေသည်” ဟု ၎င်းက ပြောသည်။

အိမ်ရာကဏ္ဍအနေနှင့် ၂၀၃၀ ခုနှစ်အထိ အိမ်ရာပေါင်း ၁ သန်း ဆောက်လုပ်ရန်ရှိပြီး ယခုအစိုးရ ၂ နှစ်တာကာလ အတွင်း၌လည်း အိမ်ရာ ၁ဝ,၉၂၄ ခန်း ဆောက်လုပ်ရာတွင်

ရာနှုန်းပြည့်ပြီးသည့် အခန်း ၅၇၄၈ ခန်း ရှိနေပြီဖြစ်ကြောင်း၊ ၅၁၇၆ ခန်းမှာလည်း ၇ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် ကျန်ရှိနေသည့် အစိုးရ သက်တမ်း ၃ နှစ်တွင် အခန်းပေါင်း ၈ဝဝဝ ကျော်ဆောက်လုပ်မည်ဖြစ်ပြီး PPP စနစ်ဖြင့် ဌာနမှ အခန်း ၄ဝဝဝ ကျော်နှင့် ကုမ္ပဏီများဘက်မှ

အခန်းပေါင်း ၆ဝဝဝ ကျော်ဆောက်လုပ်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

Public Housing Read 116 times