တနှစ်တခါ အသစ်တဖန် တံတားပြန်ထိုးရသည့် ကမ္ဘာ့အရှည်ဆုံး ဝါးတံတား


14 October, 2023

တနှစ်တခါ အသစ်တဖန် တံတားပြန်ထိုးရသည့် ကမ္ဘာ့အရှည်ဆုံး ဝါးတံတား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ပေ ၃,၀၀၀ ရှည်သော ဝါးတံတားတွင် ဝါးလုံး ၅၀,၀၀၀ သုံးစွဲထားပြီး မဲခေါင်မြစ်ကို ဖြတ်၍ တံတားထိုးပေးထားသည်။
၎င်းဝါးတံတားသည် ကမ္ဘောဒီးယားနိုင်ငံတွင် တည်ရှိပြီး ကမ္ဘာ့အရှည်ဆုံး ဝါးတံတား ဖြစ်ပါသည်။ 
အဆိုပါ ဝါးတံတားကို ဖျက်ချပြီး ဝါးလုံးအသစ်များဖြင့် ပြန်လည်တည်ဆောက်ခြင်းကို တနှစ်တကြိမ် ဆောင်ရွက်ပါသည်။
 
ဝါးတံတားကို ခြောက်သွေ့ရာသီအစတွင် Koh Paen ကျွန်းနှင့် ကမ္ဘောဒီးယား၏ စတုတ္ထအကြီးဆုံးမြို့ Kampong Cham တို့အကြား တံတားပြန်ထိုးသည်။

နွေရာသီတွင် မဲခေါင်မြစ်ထဲ ရေလျော့နည်းသဖြင့် ရေတိမ်နေသဖြင့် ဖယ်ရီသင်္ဘောများ ရေစူး မလွတ်သည့်အတွက် ရပ်နားထားကြရသည်။ ထိုကာလတွင် သွားလာနိုင်ရန် ဝါးတံတား ထိုးထားကြသည်။ အပေါ့စား မော်တော်ယာဉ်များ စုစုပေါင်း အလေးချိန် ၄ တန်အထိ သွားလာနိုင်သည့် ဝါးတံတား ဖြစ်သည်။ 

 

 မိုးစရွာသောအခါ မဲခေါင်မြစ်ထဲ ရေပြန်များလာသည်။ မြစ်ပြင်ကျယ်သည်လည်း ပိုကျယ်လာသည်။ ထိုအခါ လူအားဖြင့် တံတားကို တစ်စစီ ပြန်ဖြုတ်လိုက်ကြသည်။ ထို့နောက် ဖယ်ရီသင်္ဘောများ၊ လှေများဖြင့် မဲခေါင်မြစ်ကို ကူးသန်းကြသည်။
မုတ်သုန်ကာလ ရေစီးသန်သဖြင့် ဝါးတံတားသည် မြစ်ရေစီးဒဏ် မခံနိုင်သဖြင့် ကြိုကြိုတင်တင် ဖျက်သိမ်းထားကြရခြင်း ဖြစ်သည်။ 

Source khmertimeskh 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Read 336 times