ရေများ တဝုန်းဝုန်းကျဆင်းနေသည့် Liebian Building


04 December, 2020

မိုးမျှော်တိုက်ကြီး၏ ထိပ်ဖျားခန့်ဆီမှ ရေတံခွန်ကြီးတစ်ခုမှ ရေများ တဝုန်းဝုန်းကျဆင်းနေမည့် နေရာမျိုးကို သင်တွေးဖူးပါသလား???

တရုတ်ပြည် အနောက်တောင်ပိုင်း Guizhouပြည်နယ်၏ မြို့တော် Guiyang မြို့ရှိ မိုးမျှော်တိုက်ကြီးတွင် ယခုအခါ အဆိုပါမြင်ကွင်းမျိုး တွေ့မြင်နိုင်ပြီ ဖြစ်လေသည်။

Liebian Building အမည်ရှိ မိုးမျှော်တိုက်ကြီး၏ နံရံထိပ် ပေ ၃၅ဝ အမြင့်ဆီမှ ရေများစီးဆင်းစေကာ ရေတံခွန်ကြီးတစ်ခု ဖန်တီးလိုက်ခြင်းဖြစ်သည်။


ထို မိုးမျှော်တိုက်ကြီးမှ စီးဆင်းနေသော ရေတံခွန်အမြင့်မှာ ၁ဝ၈ပေ မြင့်သည်။


ပေ ၄၀၀ နီးပါးရှိ အဆောက်အအုံကြီးထိပ်မှ ရေတံခွန်ကြီးမှ ရေများစတင်ထုတ်လွှတ်သောနေ့တွင် တွေ့မြင်ရသော ဒေသခံများမှာ မိုးမျှော်တိုက်ကြီး၌ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မတော်တဆဖြစ်ရပ်ကြီး ဖြစ်ပွားသည်ဟု ယူဆခဲ့ကြသည်။

“ဒေသခံတွေဟာ ကြီးမားတဲ့ ရေယိုစိမ့် ပေါက်ကျမှုကြီးဖြစ်ပွားတယ်လို့ ယူဆပြီး သတင်းစာတွေဆီကို ဖုန်းဆက်ခဲ့ကြတယ်။

သတင်းထောက်တွေ ရောက်ရှိသွားချိန်မှာတော့ Liebian အဆောက်အအုံကြီးရဲ့ ပိုင်ရှင်က ရေတံခွန်ကြီးတစ်ခု ဖန်တီးတာသာဖြစ်တယ် ဆိုတာ သိခဲ့ကြပါတယ်” လန်ဒန်အခြေစိုက် တိုင်းမ်သတင်းတစ်ရပ်တွင်ေ ဖာ်ပြသည်။

ရေတံခွန်အောက်ခြေတွင် ကြီးမားသော ရေလှောင်ကန် တစ်ခုရှိသည်။ရေ ပိတ်သိမ်းပေးရန်အတွက် ကြီးမားသော ပိုက် လေးခုလည်း လိုအပ်သည်။ရေလှောင်ကန်ထဲမှ ရေ သိုလှောင်ဖို့အတွက်ဆိုရင် နှစ်နာရီ ကြာပါမည်။

အလွန်ကြီးမားလှသော ရေတံခွန်ကြီး အဆက်မပြတ်စီးဆင်းနေစေရန်အတွက် တစ်နာရီလျှင် လျှပ်စစ်ဓာတ်အားခ ကန်ဒေါ်လာ ၁၁၈ ဒေါ်လာခန့် ကုန်ကျသည်ဟု ဆိုသည်။

Public Housing Read 42 times