အိမ်ရာမူဝါဒ၊အိမ်ရာငွေကြေးစနစ်များအတွက် အထောက်အကူပြုစာတမ်းများ တစ်နေရာတည်းတွင်စုစည်းရရှိနိုင်မည့်နေရာ


06 December, 2020

အိမ်ရာမူဝါဒများ ၊ အိမ်ရာငွေကြေးစနစ်များအတွက် အထောက်အကူပြုစာတမ်းများ နိုင်ငံတစ်နိုင်ငံ၏ မြို့ပြအိမ်ရာကဏ္ဍတိုးတက်ကောင်းမွန်စေရန် မူဝါဒများ၊ လုပ်ထုံးလုပ်နည်း များ၊ ဥပဒေများ၊ စာရင်းအင်းများ၊ ပြည်တွင်း/ပြည်ပ သတင်းအချက်အလက်များ စသည့် အချက်အလက်များ ကို တစ်နေရာတည်းတွင်စုစည်းရရှိနိုင်မည့် စာကြည့်တိုက်တစ်ခုကို နေပြည်တော်တွင် အောက်တိုဘာလ ၂ရက် ကစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

            ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက်ပါ အထောက်အကူပြုနိုင်မည့် အဆိုပါစာကြည့် တိုက်ကို၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ အိမ်ရာမူဝါဒများ ၊ အိမ်ရာငွေကြေးစနစ်များ တည်ဆောက်ရေးနှင့် စပ်လျဉ်းပြီး နည်းလမ်းများအတူ ပူးပေါင်းအကောင်အထည် ဖော်လျက်ရှိသည့် ကိုရီးယားနိုင်ငံ KB Kookmin Bank နှင့် KB Labour Union ကလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

            ဝန်ထမ်းများတစ်နေရာတည်းမှာပင် နည်းပညာဆိုင်ရာများ၊ သုတ/ရသ ဆိုင်ရာများ၊ အခြားဗဟုသုတရစေမည့်စာအုပ်များကို ဖတ်ရှု့နိုင်တော့မည်ဖြစ်သောကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

“ အဓိကကတော့ အိမ်ရာကဏ္ဍနဲ့ ပတ်သက်ပြီး ရေရှည်အထောက်အပံ့ဖြစ်အောင် လှူဒါန်းတာပါ ။ နောက်ပိုင်းမှာလည်း အများပြည်သူတွေ အိမ်ရာကဏ္ဍနဲ့ ပတ်သက်ပြီးဗဟုသုတတွေပိုမိုရရှိ လာအောင် ဆောင်ရွက်သွားဖို့တွေရှိပါတယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန၊ ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

             ကိုရီးယားနိုင်ငံ KB Kookmin Bank နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့သည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ၏ အိမ်ရာမူဝါဒများ ၊ အိမ်ရာငွေကြေးစနစ်များ တည်ဆောက်ရေးနှင့် စပ်လျဉ်းပြီး နည်းလမ်းများအတူ ပူးပေါင်းအကောင်အထည် ဖော်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ရက်တွင်အိမ်ရာချေးငွေစနစ် အကောင်အထည်ဖော်နိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ CHID Bank နှင့်KB Kookmin Bank တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။

Events Read 116 times