ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခန့်ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် ဆွေးနွေးထားသည့် အကြီးစားစက္ကူစက်ရုံ


30 November, 2020

ပဲခူးတိုင်းဒေသကြီးအတွင်း အကြီးစား စက္ကူစက်ရုံကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလျံ ခန့်ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် ဟောင်ကောင်ဒေသအခြေစိုက် Le and Mand Manufacturing ကုမ္ပဏီ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် လာရောက်ဆွေးနွေးထားကြောင်းသိရသည်။

အဆိုပါကုမ္ပဏီသည် တရုတ်နိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့တွင် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ တစ်ခုဖြစ်ကာ လုပ်ငန်းဆောင်ရွက်ရာတွင် ဝါးအားအခြေခံ ၍ထုတ်လုပ်သော်လည်း လေလွင့်မှုမရှိခြင်း၊

သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိခြင်း နှင့် အခြားစွန့်ပစ်ပစ္စည်းများ ပြင်ပသို့ ထွက်ရှိမှု မရှိစေရန် နှင့် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

စက်ရုံစီမံကိန်းဆောက်လုပ်သည့်အခါ ဒေသခံပြည်သူ ၃ဝဝဝ အားတရုတ်နိုင်ငံတွင် တစ်နှစ် သင်တန်းပေးသွားမည်ဖြစ်သည်။

ထို ရင်းနှီးမြှုပ်နှံမှုသည်ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည်ဖြစ်သည့်အတွက် အစိုးရအဖွဲ့သည်လည်း ဥပဒေနှင့် အညီ လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။

ထို့ပြင်စက်ရုံမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်ယူကာ စက်ရုံကိုလည်ပတ်သွားပတ်သွားမည်ဖြစ်သောကြောင့် စက်ရုံအတွက် ပြင်ပမှ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု မလိုအပ်ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတံတားများကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိပြီး ရွှေကျင်ချောင်းတံတားကို လည်း လာမည့် ၂ဝ၁၉ ခုနှစ်ဖွင့်လှစ်ရန်ဆောင်ရွက်နေကြောင်းသိရသည်။

Factory and Industrial Plant Read 28 times