Landmark စီမံကိန်းများ၏အကျိုးဖြစ်ထွန်းမှု ကြီးကြပ်ဆောင်ရွက်ရန် ပြည်တွင်း၊ ပြည်ပသို့ ကမ်းလှမ်း


26 September, 2019


 Landmark စီမံကိန်းများ၏အကျိုးဖြစ်ထွန်းမှု ကြီးကြပ်ဆောင်ရွက်ရန် ပြည်တွင်း၊ ပြည်ပသို့ ကမ်းလှမ်း

မြန်မာ့မီးရထားရုံးချုပ် ဟောင်းနေရာတွင် တည်ဆောက် နေသည့် အပြည်ပြည်ဆိုင်ရာ ကြယ်ငါးပွင့်ဟိုတယ်နှင့် Land-mark စီမံကိန်းများ၏အကျိုးဖြစ် ထွန်းမှုကို ကြီးကြပ်ဆောင်ရွက် ရနပြည်တွင်း၊ ပြည်ပကုမ္ပဏီများ သို့ စိတ်ဝင်စားမှု ဖော်ပြချက်(EOI) အဆိုပြုလွှာတင်သွင်းရန် မြန်မာ့ မီးရထားက ကမ်းလှမ်းထားသည်။

အဆိုပါ စီမံကိန်းနှစ်ခု အ ကောင်အထည်ဖော်နေမှုများကို ကြီးကြပ်စစ်ဆေးဆောင်ရွက်ရန် မြန်မာ့မီးရထားက Project Ma-nagement Unit (PMU)ကို ဖွဲ့စည်းထားပြီး ၎င်းကို အထောက်အပံ့ပေးနိုင်ရန် Project Assurance Services (PAS) လုပ်ငန်းဆောင် ရွက်နိုင်သော ပြည်တွင်း၊ ပြည်ပနှင့် ပူးပေါင်းကုမ္ပဏီ အဖွဲ့အစည်း များကို မြန်မာ့မီးရထားက စက်တင်ဘာ ၂၅ ရက်တွင် ဖိတ်ခေါ် သည်။

  PAS လုပ်ငန်း၏ ရည်ရွယ် ချက်သည် သတ်မှတ်ကာလအ တွင်း စီမံကိန်းလုပ်ငန်းများ အ ကောင်အထည်ဖော်ဆောင်ရွက် မှုတိုးတက်မှုအခြေအနေများနှင့် စီမံကိန်းအကျိုးဖြစ်ထွန်းမှု ရလဒ် အခြေအနေများကို ကြီးကြပ်စစ် ဆေးဆောင်ရွက်ရန်ဖြစ်သည်။

ယင်းအပြင် စီမံကိန်းလုပ် ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းအောင်မြင်ရေး အရည်အ သွေး၊ အချိန်ကာလနှင့် ကုန်ကျ စရိတ်အခြေအနေတို့ကို အဓိက ထား ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း  မြန်မာ့မီးရထားက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကြယ် ငါးပွင့်ဟိုတယ်နှင့် Landmark စီမံကိန်းများကို ၂၀၁၈ အောက်တို ဘာ ၁ ရက်က စတင်တည်ဆောက် ခြင်းဖြစ်သည်။

တည်ဆောက်ရေး ကာလ လေးနှစ် သတ်မှတ်ထားပြီး PAS ဆောင်ရွက်ရမည့်သူက တည်ဆောက်ရေး ကာလတွင် ထပ်တိုးသတ်မှတ်ချိန်ရှိပါက ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မြန်မာ့မီးရထားကို တာဝန်ခံရမည်ဖြစ်သည်။

ပန်းဘဲတန်းမြို့နယ် ဗိုလ် ချုပ်အောင်ဆန်းလမ်းရှိ  မီး ရထားရုံးချုပ်ဟောင်း နေရာကို Yoma Strategic Holdings က အပြည်ပြည်ဆိုင်ရာ ကြယ်ငါးပွင့် ဟိုတယ်စီမံကိန်းနှင့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ခွင့်ရရှိခဲ့ သည်။ 

စီမံကိန်း တစ်ခုလုံးတွင် Yoma Strategic က ရှယ်ယာ ၄၈ ရာခိုင်နှုန်း၊ မစ်ဆူဘီရှိကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ FMI က ၁၂ ရာခိုင် နှုန်း၊ IFC နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်က ငါးရာခိုင်နှုန်းစီ ထည့်ဝင် မည်ဖြစ်ကြောင်း ကြေညာထား သည်။

Local Region Read 47 times