မြို့သစ်စီမံကိန်းပြုလုပ်မည့် တွံတေးမြို့နယ်မြေဈေးသည် နှစ်ဆတက်ပြီးအဝယ်လိုက်လာ


17 November, 2020

တိုင်းအစိုးရမှ လာမည့်နှစ်တွင် စတင်မည်ဆိုသော ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းပြုလုပ်မည့် တွံတေးမြို့နယ်မြေစျေးသည် နှစ်ဆတက်ပြီးအဝယ်လိုက်လာကြောင်း သိရသည်။

ယင်းစီမံကိန်း ဆောင်ရွက်ရာတွင် သိမ်းယူမည့် မြေများအတွက် မြေယာလျော်ကြေးအဖြစ် မြို့မြေ ၂ဝရာခိုင်နှုန်း ပေးမည်ဆိုသော သတင်းများကြောင်း ယခုကဲ့သို့မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအား လက်ရှိ အစိုးရအနေနှင့် ယခုနှစ်ကုန်တွင် ဆောင်ရွက်မည်ဖြစ်သောကြောင့် တွံတေးမြို့နယ်ရှိ မြေကွက်များကို စီးပွားရေးလုပ်ငန်းရှင်များမှ ဝယ်ယူစုံစမ်းမှုများ ရှိလာကြောင်း တွံတေးမြို့နယ် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

ယခင်က ပေ၄ဝ×ပေ၆ဝမြေတစ်ကွက်လျှင် ကျပ်သိန်းတစ်ရာခန့်သာရှိပြီး ယခုတွင် သိန်း ၃ဝဝ ခန့်အထိ စျေးမြင့်တက်လာသည်။လုပ်ငန်းရှင်များအနေနှင့် လမ်းမကြီးဘက်ရှိမြေများကို ဝယ်ယူလာကြသည်။

ယခုလက်ရှိ မြေဧက အများစုကို လယ်သမားများနှင့် ပြင်ပမှ သူဌေးများမှ ပိုင်ဆိုင်ထားပြီး ယင်းလယ်မြေများတွင် အချို့မှာ စပါးများစိုက်ပျိုးထားခြင်း၊နေအိမ်များ ဆောက်ထားခြင်း၊ ငါးကန်များတူးထားခြင်း စသည်တို့ပြုလုပ်ထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အနောက်တောင်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ်၊ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် တွံတေးမြို့နယ်တို့ရှိ လယ်မြေ ဧက သုံးသောင်းခန့်တွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

Local Mixed Use and Urban Read 129 times