စီးပွားရေးလုပ်ကိုင်ရန် မြေကွက်ဝယ်ယူရာတွင် သိထားသင့်သည့် အချက်များ


25 August, 2019

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်စီးပွားရေးလုပ်ကိုင်ရန် မြေကွက်များဝယ်ယူရာတွင် ဥယျာဉ်ခြံမြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ စိုက်ပျိုးရေးဇုန်နှင့် မွေးမြူရေးဇုန်တွေပါရှိသောကြောင့် မိမိဝယ်ယူသည့် မြေကွက်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို လေ့လာသိရှိထားရန် လိုအပ်ကြောင်း သုတေသီများထံမှသိရသည်။

 စီးပွားရေးလုပ်ကိုင်ရန်ဝယ်ယူမည့် မြေကွက်များနှင့်ပတ်သက်၍ ဥယျာဉ်ခြံမြေ ဆိုလျှင်သက်ဆိုင်ရာ မြေစာရင်းဌာနမှာ ပိုင်ရှင်ဟုတ် မဟုတ်လေ့လာပြီး ဝယ်ယူရမည်ဖြစ်သည်။ စိုက်ပျိုးရေးဇုန်ဆိုလျှင် နှစ် ၃၀ လုပ်ပိုင်ခွင့်နှင့် ချပေးထားတာတွေရှိသည်။ စိုက်ပျိုးရေးဇုန်က ဥယျာဉ်ခြံ မြေထက်ပိုမာပြီး စာရွက်စာတမ်းပိုခိုင်မာသည်ဟု သိရသည်။

စိုက်ပျိုးရေးဇုန်ဝယ်ယူသည့်အခါ အမှန်တကယ် ပိုင်ရှင်ဟုတ်မဟုတ် လေ့လာရမှာဖြစ်ပြီး အနေအထားကောင်းမကောင်းပါ ကြည့်ရှုပြီးမှ ဝယ်ယူသင့်သည်။ မွေးမြူရေးဇုန်ဆိုလျှင် ငါးမွေးမြူရေးဇုန်၊ စပါးစိုက်ပျိုးရေးဇုန်ဟူ၍ ချပေးထားတာရှိပြီး (လန- ၃၉) မွေးမြူရေးနှင့် ချပေးတာတွေရှိသည်ဟုသိရသည်။ မွေးမြူရေးဆိုလျှင် မွေးမြူရေးလုပ်ငန်းကို သာဆက်လုပ်ရမှာဖြစ်ပြီး ချပေးထားသည့် လုပ်ငန်းခေါင်းစဉ်အတိုင်း ကိုက်ညီမှဝယ်ယူရမည်ဖြစ်သည်။

စက်ရုံလုပ်ငန်းနှင့်လျှောက်မည်ဆိုလျှင်လည်း စက်ရုံလုပ်ငန်းကိုပါ ဆက်လုပ်ရမည်ဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်းနှင့် ချပေးထားတာကို စက်ရုံဆောက်လုပ်၍မရကြောင်းသိရသည်။

How To Tips Read 70 times