ထိုထင်းပင်နီဇွဲလာ လေလံအောင် မြေကွက်ဈေး ၁၀ စတုရန်းမီတာ ဒေါ်လာ ၁ သန်းကျော် စံချိန်သစ်တင်


20 December, 2021

Thu Thiem Peninsula လေလံအောင် မြေကွက်ဈေး  ၁၀ စတုရန်းမီတာ ဒေါ်လာ ၁ သန်းကျော် စံချိန်သစ်တင်

 

ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းစီးတီး မြို့ပြင်ဖြစ်သော ထိုထင်းပင်နီဇွဲလာ Thu Thiem Peninsula မြို့ပြသစ် မြေဈေး ဈေးမြင့်တက်ခဲ့ရာ စံချိန်တင်သည့်ဈေး တစ်စတုရန်းမီတာ အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ ဖြစ်သည်အထိ မြင့်နေသည်။ ထိုဈေးဂယက်က အိမ်ရာဈေးကွက် အပိုင်းအကန့်ကို ဈေးတက်အောင် ဆွဲတင်လိမ့်မည်ဟု အိမ်ရာဈေးကွက် ကျွမ်းကျင်သူတို့က ဆိုသည်။

ခရိုင်(၂) အတွင်းမှာ တည်ရှိသည့် မြို့ပြသစ်ထိုထင်းမှ မြေကွက် ၄ ကွက်ကို လေလံတင်ခဲ့သည်။ လေလံအောင်သည့် ဈေးနှုက်းများမှာ ၁ စတုရန်းမီတာ ဗီယက်နမ်ဒွန်ငွေ သန်း ၄၇၀ မှ ၂.၄ ဘီလျံအထိ ဖြစ်သည်။ 
ဟိုချီးမင်းစီးတီး၏ မြိုလယ်ပိုင်း ခရိုင်(၁)တွင် လက်ရှိအမြင့်ဆုံးမြေဈေးမှာ တစ်စတုရန်းမီတာ ဗီယက်နမ်ဒွန်ငွေ ၁.၅ ဘီလျံ(အမေရိကန်ဒေါ်လာ ၄၃,၀၀၀ ကျော်)ဖြစ်သည်။ မြို့လယ်ပိုင်းထက် မြိုပြင်မြေကွက်ဈေးက ပိုမြင့်သွားသည့် စံချိန်သစ် ဖြစ်နေသည်။ သို့ဖြစ်ရာ မြို့လယ်ပိုင်း ခရိုင်(၁)မှ မြေဈေးများသည် မြို့ပြင်ထက် ပိုများအောင် ဈေးတက်ကုန်ကြလိမ့်မည်။ 

အိမ်ရာအဆောက်အဦလုပ်ငန်း Viet An Hoa ၏ အထွေထွေ ဒါရိုက်တာ Tran Khanh က ကြိုတင်ခန့်မှန်းထားသည်မှာ စံချိန်တင်ဈေးနှုန်းသည် မြေအသည်းအသန်ဝယ်ကြသည့်အဖြစ် ထပ်မံပေါ်ပေါက်‌ေစလိမ့်မည်။ ယခင်တုန်းက ထိုသို့သော မြေကို အရူးအမူး ဝယ်ကြခြင်းသည် ကာလတိုတစ်ခုသာ တည်တံ့သည်။ ယခု ထပ်မံပေါ်ပေါက်မည့် မြေအရူးအမူးဝယ်ကြခြင်းသည် ကာလရှည်ကြာလိမ့်မည်။ အကြောင်းမှာ ‌ေြမကွက် လေလံပစ်ပွဲများ ကျင်းပသွားဖို့ အစီအစဉ်ရှိနေသောကြောင့် ဖြစ်သည်ဟု သူက ရှင်းပြသည်။

မြေကွက်လေလံအောင်သည့် ဈေးနှုန်းမြင့်ခြင်းသည် အိမ်ရာရောင်းဝယ်ရေးတွင် ဂယက်ရိုက်ပြီး ရောင်းဈေးများကို မြှင့်တင်သတ်မှတ်ကြစေမည် ဖြစ်သည်။ ထိုထင်းပင်နီဇွဲလာအတွင်းနှင့် အနီးတစ်ဝိုက်တွင် မြေဈေး၊ လုံးချင်းအိမ်ရာဈေး၊ တိုက်ခန်းဈေးများ မြင့်တက်အောင်ပင့်တင်ပေးလိမ့်မည်။ ဟိုချီးမင်းစီးတီး ဧရိယာအတွင်းသို့ပါ ကူးစက်လိမ့်မည်ဟု သူက ဆိုသည်။
မြေကွက်လေလံ ပစ်မည်ဆိုသောအခါ လေလံဂယက်ကြောင့် ထင်းပင်နီဇွဲလာနှင့် ကပ်လျက်ဖြစ်သော  ဟိုချီးမင်းစီးတီးတွင် အိမ်ရာအဆောက်အဦ ဈေးနှုန်းများသည် ၂၀၂၂ တွင် ၃၀% ဝန်းကျင် ဈေးမြင့်တက်မည်ဟု ခန့်မှန်းခဲ့ကြသည်။

ဟိုချီမင်းစီးတီး အိမ်ရာအဆောက်အဉီ အကျိုးဆောင် အသင်း ဉက္ကဋ္ဌ Le Hoang Chau က ဒီဇင်ဘာလ ၁၀ ရက် လေလံအောင်ဈေးနှုန်း စံချိန်သစ် တင်ခြင်းကြောင့် ဟိုချီမင်းစီးတီးတွင် အိမ်ခြံမြေဈေးများ ဈေးတက်လိမ့်မည်ဟု ပြောကြားသည်။

မြို့လယ်ပိုင်း ခရိုင်(၁) သည် ခရိုင်(၂) ထက် ဈေးပိုများနေကျ ဖြစ်ရာ ယခု ခရိုင်(၂) က ဈေးပိုမြင့်သွားသည့်အတွက် ခရိုင်(၁) ကလည်း ဈေးအပြိုင်လိုက်တက်တော့မည်ဖြစ်သည်။
ဈေးတက်ရိပ် ဖြစ်ပေါ်နေခြင်းသည် ဟိုချီးမင်းစီးတီး၏ အိမ်ရာဈေးနှုန်း တည်ငြိမ်ရေး အစီအစဉ်ကို အကြီးအကျယ် စိန်ခေါ်မှု ဖြစ်နေမည်။ အိမ်ခြံမြေအကျိုးဆောင်ကဏ္ဍအပေါ် အကျိုးသက်ရောက်မည်ဟု သူက ပြောကြားသည်။
ကိုဗစ်ကြောင့် ၂ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ရပ်ထားခဲ့ရသည်ဟု Chau က ပြောကြားသည်။ မြေဈေးတက်ကုန်သည့်အခါ တန်ဖိုးနည်းအိမ်ရာအတွက် ထည့်သွင်းရသည့် စရိတ် တက်မည်။ သို့ဖြစ်ရာ ရောင်းဈေး တန်ဖိုးနည်း ရမည်ဖြစ်ရာ တွက်ခြေမကိုက်တော့သဖြင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့်သူ ရှိတော့မည်မဟုတ်ဟု သူက သတိပေးစကား ပြောကြားပါသည်။ ။ 

Real Estate & Properties Read 598 times