လန်ချာဘန်း မှာ ကွန်တိန်နာ ဆိပ်ခံတံတားအသစ် ဆောက်လုပ်မည်


04 December, 2021

လန်ချာဘန်း မှာ ကွန်တိန်နာ ဆိပ်ခံတံတားအသစ် ဆောက်လုပ်မည်


ဗဟိုဆိပ်ကမ်း တိုးချဲ့ရေး အစီအစဉ်အရ  Gulf Energy Development နဲ့ တရုတ်နိုင်ငံပိုင်လုပ်ငန်း China Harbour Engineering တို့က အမေရိကန်ဒေါ်လာ ၉၂၂ သန်း တန်ဖိုးရှိတဲ့ စီမံကိန်းသဘောတူစာချုပ်ကို ထိုင်းနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

ဖက်စပ်လုပ်ငန်းမှာ Gulf Energy က ၄၀ % ပိုင်ဆိုင်ပါတယ်။ သက်တမ်း ၃၅ နှစ်ရှိ public-private partnership ကို Port Authority of Thailandနဲ့အတူ လုပ်ကိုင်မှာ ဖြစ်ပါတယ်။  ဘန်ကောက်မြို့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာမှာ တည်ရှိတဲ့ Laem Chabang ဆိပ်ကမ်းမှာ  ကွန်တိန်နာ ဆိပ်ခံတံတားအသစ်တစ်ခုကို ဆောက်လုပ်ပြီး လုပ်ငန်းလည်ပတ် လုပ်ကိုင်မှာ ဖြစ်ပါတယ်။ 
China Harbour က အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးမှာ ပါဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်း ဖြစ်ပြီး ဆိပ်ကမ်းနဲ့ အဝေးပြေးလမ်း ဆောက်လုပ်ရေးတို့ကို သီရိလင်္ကာမှာ လုပ်ကိုင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ၎င်းရဲ့ စင်ကာပူ ကုမ္ပဏီခွဲက ၃၀% အစုရှယ်ယာ ပိုင်ဆိုင်ပြီး ကျန်တဲ့ ၃၀% ကိုတော့ ထိုင်းနိုင်ငံပိုင်လုပ်ငန်း PTT က ပိုင်ဆိုင်ပါတယ်။ 

ကွန်တိန်နာ ဆိပ်ခံတံတားအသစ်က တစ်နှစ်ကို TEU ၄ သန်း ကိုင်တွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပထမဆိပ်ခံကို ၂၀၂၃ မှာ စတင်‌ဆောက်လုပ်မှာ ဖြစ်ပြီး ၂၀၂၅ မှာ လုပ်ငန်းစတင်လည်ပတ်ဖို့ လျာထားပါတယ်။ စီးပွားဖြစ်လုပ်ကိုင်တာကို ၂၀၁၉ မှာ စတင်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ 
ထိုင်းအစိုးရက Laem Chabang ရဲ့ ကွန်တိန်နာ ကိုင်တွယ်ပေးနိုင်စွမ်းကို တစ်နှစ်လျှင် TEU ၁၈ သန်း ဖြစ်တဲ့ အထိ တိုးချဲ့ဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ 

၂၀၁၁ မှာ ထူထောင်ခဲ့တဲ့ Gulf Energy က စွမ်းအင်ဖြန့်ဖြူးရေးအပြင် အခြေခံအဆောက်အအုံကဏ္ဍမှာလည်း ချဲ့ထွင်လုပ်ကိုင်ခဲ့ပါတယ်။ မိုဘိုင်းကွန်ရက် အော်ပရေတာ  InTouch Holdings မှာ ရှယ်ယာအများစု ပိုင်ဆိုင်ထားပါတယ်။ LNG ဆိပ်ခံတံတားများနဲ့ အဝေးပြေးလမ်းများ လည်ပတ်လုပ်ကိုင်ဖို့လည်း ရည်ရွယ်ချက် ထားရှိပါတယ်။ 

Infrastructure and Zones Region Read 648 times