Kylie Jenner ရဲ့ ဇိမ်ခံ အိမ်ကြီး ၃.၆ သန်းဖြင့် ရောင်းမည်


01 March, 2020

အများ အမြင်မှာ အသက်ငယ်ငယ်နဲ့ သူဌေးမလေး ဖြစ်တဲ့ Kylie ဟာ သူမ အနေနဲ့ အိမ်တွေ ခြံတွေကို မဝယ်တာကြာခဲ့ပါပြီ ထိုနည်းတူ စွာရောင်းလဲ မရောင်းတာ အတော့်ကိုကြာခဲ့ပါပြီ။ဒီတစ်ခါမှတော့ Kylie ဟာ သူမရဲ့ ခန်းနား လှတဲ့ အိမ်အကျယ်ကြီးကို စွန့်ပြီး အိမ်အသစ်ဝယ်ပါတော့မယ်တဲ့ ဒါ့ကြောင့် ထိုအိမ်ကြီးကို အမေရိကမှအိမ်အရောင်းဈေးကွက်ထဲ ထည့်လိုက်ပါပြီ။

 

အဆိုပါအိမ်ကြီးကို အမေရိကန်ဒေါ်လာငွေ ၃.၆ သန်း ဖြင့်ရောင်းမယ်သိရပါတယ် အဆိုပါ အိမ်မှာ ၂၀၁၅ ခုနှစ် သူမအသက် ၁၇ လောက်က ဝယ်ခဲ့တဲ့ အိမ်ပါ ထိုအိမ်ကြီးမှာ လူ အနည်းဆုံး ၁၂ ဦးမှ အယောက် ၂၀ ထိ လွတ်လပ်စွာ သွားလာ လှုပ်ရှား နိုင်ပြီး ခေတ်ဆန်ဆန် အဆောက်အဦး ပုံပါ။အတော်လေး လှပပြီး အဆောက်အအုံရဲ့ ဆေးရောင်ကို အရောင် ခပ်ငြိမ်ငြိမ်လေးတွေ သုံးထားတာတွေ့ရပါတယ်။

 

ထို အိမ်ထဲကိုဝင်ဖို့ ကားဂိတ် ၊ လူဝင်ဂိတ်သီးသန့် ထားပြီး The Oaks in Calabasas ဆိုတဲ့ ၎င်း မြို့ရဲ့ နာမည်ကြီး အိမ်စောင့် အဖွဲ့ကို ထိုဂိတ်ကိုစောင့်ခိုင်းထားပါတယ်။ထိုအိမ်ကြီး ထဲမှာ အိမ်ခန်း ၅ ခန်း ၊ ရေချိုးခန်း ၆ ခန်း နှင့် အိမ်သာ ၇ လုံးပါရှိပြီး အိမ်နဲ့ System တွေဟာ လက်ခုပ်လေးတီး ၊ လေလေး ချွန်လိုက်တာနဲ့ အဆင်ပြေစေအောင် ပြုပြင်ထားတယ်သိရပါတယ်။

 

ထို့အပြင် အိမ်ကြီး ထဲတွင် ရုပ်ရှင် ကြည့် ခန်း ဂိမ်းဆော့ခန်းသီးသန့်ဖန်တီးထားပြီး မီးလင်းဖိုပါဝင်ပါတယ်။ထို့အပြင် ရေကူးကန်ထဲကို မသွားမှီ ဖွင့်လှစ်တဲ့ အိမ်တံခါးမှာ ပြင်သစ်နိုင်ငံက မှာထားတဲ့ တံခါးပင်ဖြစ်ပါတယ်။ထို့အပြင်မီးဖိုဆောင်ကြီးဆိုလဲ အကျယ်ကြီးဖြစ်ပြီး သပ်ရပ် ခန်းနားလွန်းလှပါတယ်။ရေကူးကန်ထဲတွင်လဲ ရေပန်းများထည့်သွင်းထားပြီး ရေကူးကန်အောက်ကို အပြာရောင်မီးများ အလှဆင်ထားပါတယ်။

 

ထိုအိမ်ကြီး ရဲ့ အိပ်ခန်းတွေထဲမှာ မှန်အပြည့် နဲ့ အမျိုးသမီး အငယ်များ အကြိုက် အပြောင်အလတ် ဆေးရောင်စုံ သုတ်ထားတဲ့ အခန်းများပါရှိသလို Kylie ထုတ်တဲ့ အလှ ပြင် ပစ္စည်း ကြိုက်သူတွေအတွက် အင်မတန်မှ သင့်လျော်မှာပါ။ထို့အပြင် နံရံကပ် ဗီရို တွေ ပြု လုပ်ထားပြီး အဝတ်အစားတွေ အစုံထည့််နိုင်အောင်စီမံပေးထားပါသေးတယ်တဲ့။

 

ထိုအိမ်ကြီးက ၂၀၁၅ သူမဝယ်ယူခင်က ၂.၇ သန်းတန်တယ်သိရပြီး ယခု သူမ ထက်ရှာဝယ်တဲ့ အိမ်က ၁၅ သန်း တန်အိမ်ပါ ဒီကြားထဲမှာ Kylie တစ်ယောက် အိမ်အကောင်းတက အကောင်းဆုံးနေထိုင်ဖို့ ဆန္ဒရှိပုံပါပဲ။

 

Global Read 45 times