ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)ကို ၁ဝနှစ် အရစ်ကျစနစ်နဲ့ ရောင်းချမည်


13 November, 2020

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ တည်ဆောက်နေသော ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အပိုင်း (၁)မှာရှိသည့်တန်ဖိုးနည်းတိုက်ခန်းတွေ တည်ဆောက်မှုမှာ ပြီးစီးနေပြီဖြစ်သောကြောင့် အခန်းလိုအပ်ချက်သည် ့ ပြည်သူတွေကို

နိုဝင်ဘာလမှာ အခန်း တစ်ထောင်ကျော် ရောင်းချပေးမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူးမှ သိရသည်။

ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)ကို ၁ဝနှစ် အရစ်ကျစနစ်နှင့် ရောင်းချပေးမှာ ဖြစ်ပြီး ယင်းအိမ်ရာအပိုင်း(၁) တိုက်ခန်းတွေကို မဲနှိုက်စနစ်နဲ့ အခန်းအကျယ်အဝန်းပေါ် မူတည်ကာ တိုက်ခန်းတန်ဖိုး ငွေကျပ်သိန်း ၉ဝ ဝန်းကျင်ကနေ ငွေကျပ်သိန်း ၁၃ဝ ဝန်းကျင်အထိ ရှိမည်ဟု သိရသည်။

အခန်းများရောင်းချသည့်အခါ မသမာမှုများ မဖြစ်ပေါ်စေရန် စနစ်တကျနှင့် ထင်သာမြင်သာရှိသော မဲနှိုက်စနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး

တိုက်ခန်းစျေးနှုန်းများကိုလည်း အများပြည်သူဝယ်ယူနေထိုင်နိုင်သည့် စျေးနှုန်းဖြင့်ရောင်းချပေးထားကြောင်း၊ထို့ကြောင့် တိုက်ခန်းဝယ်ယူသူများအတွက် အခက်အခဲမရှိဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအိမ်ရာသည် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲငါးထပ်နဲ့ လေးခန်းတွဲ ခြောက်ထပ် ပါဝင်သော တိုက်သုံးလုံးကို

တည်ဆောက်ထားပြီးကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)မှ တိုက်ခန်းများအား ဝန်ထမ်းများနှင့် အခြေခံ လူလတ်တန်းစား ပြည်သူတွေ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။

Source:Myawaddy

Public Housing Read 139 times