ကိုရီးယား ပြည်ပဆောက်လုပ်ရေး ကန်ထရိုက်များ ပထမ ရှစ်လတွင် ၂၀ ရာခိုင်နှုန်း တိုးခဲ့


11 September, 2023

ကိုရီးယား ပြည်ပဆောက်လုပ်ရေး ကန်ထရိုက်များ ပထမ ရှစ်လတွင် ၂၀ ရာခိုင်နှုန်း တိုးခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီများ၏ ပြည်ပမှ  ကန်ထရိုက်များ ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ ပထမ ၈ လတွင် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးလာကာ  ဒေါ်လာ ၂၀ ဘီလီယံကျော်သို့ ရောက်ရှိခဲ့ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။
ယခင်နှစ် ပထမ ၈ လတွင် ပြည်ပကန်ထရိုက်များ ကန်ဒေါ်လာ ၁၈.၃ ဘီလီယံဖိုး ရရှိခဲ့ပြီး ယခုနှစ် ပထမ၈လတွင် ကန်ဒေါ်လာ ၂၁.၉ လီယံဖိုး ရရှိခဲ့ကြောင်း International Contractors Association of Korea (ICAK) က အချက်အလက် ထုတ်ပြန်ပါသည်။
၂၀၁၈ နောက်ပိုင်း ပထမ၈ လတွင် ကန်ဒေါ်လာ ၂၀ ဘီလီယံကျော် ရရှိသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။ 
၂၀၁၈ ခုနှစ်တုန်းက ကန်ဒေါ်လာ ၂၀.၄ ဘီလီယံ ရရှိခဲ့ပါသည်။

ထင်ရှားသည့် ပင်လယ်ရပ်ခြား ကန်ထရိုက်တစ်ခုမှာ ဆော်ဒီအာရေဗျ နိုင်ငံပိုင် ရေနံလုပ်ငန်း Aramco က ရေနံဓာတုစက်ရုံ အကြီးစား တစ်ခု ဆောက်လုပ်ရန် ဇွန်လတွင် Hyundai Engineering Construction က ကန်ထရိုက် ရရှိခဲ့ပါသည်။

တစ်နှစ်တာအနေဖြင့် ကြည့်လျှင် ကိုရီးယား ဆောက်လုပ်ရေး ကုမ္ပဏီများသည် နှစ်စဉ်နှစ်တိုင်း ကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ဖိုး ကန်ထရိုက်များ ရရှိကြသည်မှာ ၂၀၂၀ ပြည့်နစ်ကတည်းက ဖြစ်ပါသည်။
ယခုနှစ် ပထမ၈လ အနေအထားအရ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ဖိုး ကန်ထရိုက်များ ရရှိနိုင်ပါသည်။

Source Yonhap
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 266 times