ကိုရီးယားတွင် လူချမ်းသာ ၁၀၀ တို့က အိမ်ရာ ၂၂,၀၀၀ ကျော် ပိုင်ဆိုင်ထား


24 December, 2022

ကိုရီးယားတွင် လူချမ်းသာ ၁၀၀ တို့က အိမ်ရာ ၂၂,၀၀၀ ကျော် ပိုင်ဆိုင်ထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းလူ ၁၀၀ မှ ပိုင်ဆိုင်သည့် အိမ်ရာအရေအတွက် ယခုနှစ်နိုဝင်ဘာလတွင် ၂၂,၀၀၀ ကျော် ရှိသည်။
ယမန်နှစ်ကထက် ၂,၀၀၀ ဝန်းကျင် ပိုများလာသည်။

ကိုရီးယား စာရင်းအင်း Statistics Korea ၏ အချက်အလက်များအရ ၂၀၂၂ နိုဝင်ဘာလ ၁ ရက်တွင် လူ ၁၀၀ ဦးတို့ ပိုင်ဆိုင်ထားသည့် အိုးအိမ်ခုရေ ၂၂,၅၈၂ ရှိသည်။ ယခင်နှစ်ထက် ၁,၈၉၃ ပိုများသည်။ ၉.၁ ရာခိုင်နှုန်း တိုးသွားသည်။ 
၂၀၁၆ ခုနှစ်တွင် အိုးအိမ်ခုရေ ၁၇,၂၄၄ ရှိခဲ့သဖြင့် ယခုနှစ်တွင် ၂၀% ပိုများသည်။


၎င်းအိုးအိမ်ခုရေ ၂၂,၅၈၂ စုစုပေါင်းတန်ဖိုးမှာ ဝမ် ၂.၉၅ ထရီလီယံ (ကန်ဒေါ်လာ ၂.၃ ဘီလီယံ) ရှိသည်။ ယမန်နှစ်ထက် ၁၇% ပိုများသည်။

ပျမ်းမျှချကြည့်လျှင် အဆိုပါ လူ ၁၀၀ တွင်ပါဝင်သူ တစ်ဦးသည် အိုးအိမ် ၂၂၆ ခု ပိုင်ဆိုင်သည်။ တန်ဖိုးအားဖြင့် ဝမ် ၂၅.၂ ဘီလီယံခန့် ရှိသည်။

Source Koreaherald 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Real Estate & Properties Read 442 times