ကိုရီးယားမြန်မာ စက်မှုဇုန်တည်ဆောက်မည်

29 December, 2020

ကိုရီးယား မြန်မာစက်မူဇုန် စီမံကိန်းရဲ့ ပထမအဆင့် အခြေခံ အဆောက်အအုံ ဆောက်လုပ်မူများအတွက် ဆောက်လုပ်ရေး Contractor ရွေးချယ်မူ ရလာဒ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ  ကြေငြာခဲ့ပါတယ်။

ပထမအဆင့် အခြေခံ အဆောက်အအုံ ဆောက်လုပ်မူများအတွက် Contractor Award ကို Kyeryong Construction Industrial Co., Ltd နဲ့ Sae-a STX Entech Co., Ltd နှစ်ခု JV လုပ်ထားတဲ့ Kyeryong - Sae-a STX JV ကို ပေးအပ်ခဲ့ပါတယ်။ 

စီမံကိန်း အကျယ်အဝန်းအနေနဲ့ ၃၁၄.၆၉ ဧကရှိပြီ ဆောက်လုပ်မူ ကြာချိန်ကိုတော့ ၂၄ လ(၂ နှစ်) ပေးထားပါတယ်။ အခြေခံ အဆောက်အအုံများအတွက် ကုန်ကျစရိတ်က ၂၅.၆ သန်းကျော် ရှိပါတယ်။

သန်း ၁၂၀ ကျော် အသုံးပြုမယ့် ကိုရီးယား မြန်မာ စက်မူဇုန် စီမံကိန်း ပထမအဆင့်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပြီ ၂၀၂၃ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအနေနဲ့ ဒီစီမံကိန်းကနေ အလုပ်အကိုင်ပေါင်း ၁၀၀,၀၀၀ ခန့်ကိုလည်း ဖော်ဆောင်ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စီမံကိန်းကို စတင်ပြီးတဲ့ နောက်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီ မြေနေရာများကို စတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ 

#CI_MM #KMIC

Factory and Industrial Plant Read 289 times