ကိုရီးယားသမ္မတ နိုင်ငံက လျှပ်စစ်အတွက် ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမြုပ်နှံ


24 December, 2019

ကိုရီးယားနိုင်ငံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရန်အတွက် အမေရိကန် ဒေါ်လာ ၃၅သန်းကျော် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း ညွှန်ကြားရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်မှပြောကြားခဲ့ပါသည်။

ကိုရီးယားနိုင်ငံ အခြေစိုက် MCM Power Company မှ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းများကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွှေတောင်ကျေးရွာရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံတွင် IPP (BOT) စနစ်ဖြင့်မဂ္ဂါဝပ် ၄ဝ ထုတ်လုပ်မည် ဖြစ်ကြောင်းသိရပါသည်။

"လျှပ်စစ် ကဏ္ဍမှာ အခုနောက်ဆုံးခွင့်ပြုတာကတော့ ပြည်မြို့နယ် ရွှေတောင်စက်မှုဇုန်မှာရှိတဲ့ ဂတ်စ်တာဝါတိုင် ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၄ဝ ထုတ်လုပ်တာဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုပါပါတယ်။ ဆက်လက်ပြီးတော့လည်း လျှပ်စစ်ကဏ္ဍမှာ မြန်မာနိုင်ငံ၏ ကော်မရှင်ကို ဆက်လက်ပြီးတင်ပြဦးမယ့် ပရောဂျက်တွေ ရှိပါသေးတယ်" ဟု ဦးသန့်စင်လွင်က ပြောကြားခဲ့ပါသည်။

ထို့ပြင် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီများ စိတ်ဝင်စားလျက်ရှိပြီး ထိုနိုင်ငံများမှာ ဟောင်ကောင်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဟောင်ကောင်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတွေက လျှပ်စစ်နဲ့ ပတ်သက်တာတွေရှိပြီးသား တာဘိုင်စက်တွေကို အဆင့်မြင့်စက်တွေနဲ့ လဲလှယ်ပြီးတော့မှ လျှပ်စစ်အားပိုထွက်အောင် ယခင်မဂ္ဂါဝပ် ၂၀ ထွက်တယ်။

သုံးတဲ့ ကုဗပေယူနစ်က ဒီလောက်ပဲ။ ဒါပေမယ့် ခုစက်ကြီးပြောင်းလဲပြီး တပ်ဆင်လိုက်မယ်ဆိုရင် လျှပ်စစ်က နှစ်ဆ၊ သုံးဆ လောက် ပိုထွက်လာမည်" ဟု ဦးသန့်လွင်က ပြောသည်။

လက်ရှိ လျှပ်စစ်ကဏ္ဍတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာခုနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာခုနှစ် နိုဝင်ဘာလအထိ ရင်နှီးမြုပ်နှံလုပ်ငန်းပေါင်း ၂၁ခုမှ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၅၆၂၃ ဒသမ ၆၇သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Region Read 80 times