မြစ်နှစ်စင်း တံတားထိုးမည့် ကမ္ဘောဒီးယား ကိုရီးယား ချစ်ကြည်ရေးတံတား စဆောက်တော့မည်


24 September, 2023

မြစ်နှစ်စင်း တံတားထိုးမည့် ကမ္ဘောဒီးယား ကိုရီးယား ချစ်ကြည်ရေးတံတား စဆောက်တော့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တန်လီဆပ်မြစ်နဲ့ မဲခေါင်မြစ်ကို ဖြတ်ပြီး အပိုင်းနှစ်ပိုင်း တည်ဆောက်မယ့် ကန်ဒေါ်လာ ၂၄၅ သန်းရှိတဲ့ ကမ္ဘောဒီးယား-ကိုရီးယား ချစ်ကြည်ရေး ကြိုးဆိုင်းတံတား တည်ဆောက်ရေး စီမံကိန်းရဲ့ နောက်ဆုံး အကဲဖြတ်ချက် ပြီးသွားတာကြောင့် မကြာခင်မှာ ဆောက်လုပ်ရေး စတင်တော့မှာ ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် (RoK) ဥက္ကဋ္ဌ Kim Jin Pyo က ပြောကြားပါတယ်။ 

 

အဆိုပါတံတားဟာ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး ကမ္ဘောဒီးယား-ကိုရီးယား ချစ်ကြည်ရေး ပြယုဂ်အဖြစ် ရပ်တည်မှာဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား-ကိုရီးယား ချစ်ကြည်ရေးတံတားကို အပိုင်းနှစ်ပိုင်းခွဲပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။
တံတားစီမံကိန်းကို တောင်ကိုရီးယားမှ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ပါတယ်။ 
ကမ္ဘောဒီးယားနှင့် ကိုရီးယားနှစ်နိုင်ငံတို့ တံတားတည်ဆောက်ရန်အတွက် ချေးငွေ ကန်ဒေါ်လာ ၂၄၅ ဒသမ ၉ သန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယာဉ်ကြော တခြမ်း ၂ ကြောဖြင့် စုစုပေါင်း ၄ လမ်းသွား တံတားဖြစ်ပြီး အကျယ် ၂၇.၅ မီတာ ရှိပါတယ်။
မော်တော်ယာဉ်တွေအတွက် ခွင့်ပြု အမြန်ဆုံး အမြန်နှုန်းက တနာရီ ကီလိုမီတာ ၈၀ ဖြစ်ပါတယ်။

Source khmertimeskh 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Infrastructure and Zones Read 414 times