Komatsu စက်သံမဆူညံသည့် အလတ်စား လျှပ်စစ်မြေတူးစက်ယန္တရားများ အမြောက်အမြား စတင်ထုတ်လုပ်


17 July, 2023

Komatsu စက်သံမဆူညံသည့် အလတ်စား လျှပ်စစ်မြေတူးစက်ယန္တရားများ အမြောက်အမြား စတင်ထုတ်လုပ်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


Komatsu ၏ လျှပ်စစ် မြေတူးစက်ယန္တရား excavator သည် သမားရိုးကျ ဒီဇယ်စွမ်းအင်သုံးစက်ထက် တုန်ခါမှုနှင့် ဆူညံသံ လျော့နည်းသည်။

ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ ထုတ်လုပ်သူ Komatsu သည် စီးရေ အမြောက်အမြား စတင်ထုတ်လုပ်သည့် အလယ်အလတ်တန်း အရွယ်အစား လျှပ်စစ် ဟိုက်ဒရောလစ် တူးဖော်ရေး စက်ယန္တရား excavator ကို ဇူလိုင် ၁၄ ရက်တွင် ပြသခဲ့သည်။

20-tonne-class စက်ယန္တရားဖြစ်ပြီး အိုဆာကာမြို့ရှိ Komatsu စက်ရုံတွင် ပြသခဲ့သည်။

၎င်းအလတ်စား လျှပ်စစ်မြေတူးစက်များကို အောက်တိုဘာလတွင် ဂျပန်န‌ှင့် ဥရောပတို့တွင် အငှားဝန်ဆောင်မှု စတင်မည်။
 
lithium-ion ဘက်ထရီ သုံးစွဲထားပြီး နောက်ဘက် ဆီတိုင်ကီနောက်ဘက် ဒီဇာ်အင်ဂျင် ထားနေကျနေရာတွင် တပ်ဆင်ထားသည်။ တုန်ခါမှုန‌ှင့် ဆူညံသံ နည်းပါးသည်။ မီးခိုး မထွက်သဖြင့် အဆောက်အဦအတွင်း သုံးစွဲရန် သင့်တော်သည်။  မြို့ပြဧရိယာအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်ူခွင်များအတွက် သင့်လျော်သည်။
ငှားရမ်းသည့်အခါ အားသွင်းစက်ကိုပါ တစ်ပါတည်း ပေးအပ်ထားမည်။ 
"မြေတူးစက်တွေကို အရင်ဆုံး အစမ်းသုံးခိုင်းမယ်။ အဆင်မပြေတာတွေ ရှိရင် ကျွန်တော်တို့ကို အသိပေးရမယ်။ ကျွန်တော်တို့က မွမ်းမံပေးပြီး ပိုကောင်းသွားအောင် လုပ်မယ်" ဟု အိုဆာကာစက်ရုံ မန်နေဂျာက ပြောကြားသည်။ 
ထိုသို့ ပိုကောင်းအောင် ဆောင်ရွက်ပြီးသည့်အခါ မြောက်အမေရိက၊ ဩစတေးလျတို့တွင် အငှားဝန်ဆောင်မှုပေးမည်။ အာရှတွင်လည်း အငှားဝန်ဆောင်မှု ပေးအပ်မည်။

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Tips Read 256 times